82} David Gilmour


David Gilmure ၏နာမည်ရင်းသည် David Jon Gilmour ဖြစ်ပါသည် သူ့ကို 6 March 1946 မွေးဖွှားပြိး ယခုသက်  67 နှစ်ရှိပြီဖြစ်ပါသည်။  England, United Kingdom က Cambridge, တက္ကသိုလ်မှ ဘွဲယူခဲ့ပါတယ်။
ရော့ဂီတများဖြစ်ကြသော  Progressive rock, psychedelic rock, art rock, blues rock, experimental rock ဂီတပညာရှင်ဖြစ်ပြီး Progressive rock သည် အင်္ဂလန်မှရိုးရာ တေးဂီတဖြစ်ပါသည်။ psychedelic rock သည် Indian ဂီတကိုအခြေခံထားသော Rock ဂီတဖြစ်ပါသည်။ art rock နှင့် blues rock သည်လည်း အင်္ဂလန်မှရိုးရာ တေးဂီတဖြစ်ပါသည် သို့သော်လည်း 1960 ခုနှစ်နောက်ပိုင်းမှ ပေါ်လာသော ဂီတဖြစ်သည်။ သူသည် ဂီတပညာ ရှင်၊ သချင်းရေးဆရာ၊ ထုပ်လုပ်သူ နှင့် ဂီတဆိုင်ရာ စီစဉ်သူလည်းဖြစ်ပါတယ်။ သူ၏ကျွမ်းသော တူရိယာများ မှာ ဂစ်တာ၊ bass ဂစ်တာ နှင့် Keyboard တို့ဖြစ်ပြီး အဆိုတော်လည်းဖြစ်ပါတယ်။ 1963 မှဂီတလောကထဲ ဝင်လာသူဖြစ်ပါတယ် EMI Columbia, Harvest, Capitol, Columbia, Sony, နှင့် EMI တေးထုပ်လုပ်ရေးများနှင့် သူ၏ အယ်ဘမ်များကို ထုပ်ဝေခဲ့ပါတယ်။ သူနှင့်တွဲဖက်ကြသော ဂီတ ယောင်းရင်းများကတော့ Pink Floyd, Syd Barrett, Supertramp, Kate Bush, Jokers Wild, Deep End, Richard Wright, The Orb, Paul McCartney, နှင့် Bryan Ferry တို့ဖြစ်ကြပါသည်။ သူ့ရဲ့
Website ကိုသွားလိုပါက  www.davidgilmour.com ဒီကနေသွားပါ။ သူအသုံးပြုသော ဂစ်တာအမျိုးအစားများကတော့
 
The Black Strat' Fender Stratocaster
The Red Strat' Fender Stratocaster
The 0001 Strat' Fender Stratocaster
Fender Telecaster တို့ဖြစ်ကြပါတယ်။ Stratocaster ဂစ်တာဝက်ဆိုဒ်ကို ဒီကနေသွားပါ။ သူဟာ Pink Floyd အဖွဲနှင့်တွဲခဲ့သည်ရာ 2010 နှစ်အထိရောင်းရခဲ့သော အယ်ဘမ်များမှာ အချပ်ရေ 250 Million ကို ကမ္ဘာ့အနှံပျားရောင်းရခဲ့ပါသည်။ ထိုအဖွဲ့အတွက်သူဟာ မန်နေဂျာလည်းဖြစ်သလို ထုပ်လုပ်သူလည်းဖြစ်ပါသည်။ သူဟာ 2008 ခုနှစ်မှာ သူ့ရဲ့ဂီတ ထူးချွန်မှုဆုကိုရရှိခဲ့ပါတယ်။ 2011, Rolling Stone magazine ရဲ့ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမား ၁၀၀ တွင်သူသည် အဆင့် ၁၄ ချိပ်ခဲ့သူဖြစ်ပါတယ်။

သူ၏ဖခင်သည် Douglas Gilmour ဖြစ်ပြီး သူ၏မိခင်မှာ Sylvia (née Wilson) ဖြစ်ပြီး Film Editor တစ်ယောက်လဲဖြစ်ပါတယ်၊ Gilmour တွင်ညီငယ်တစ်ယောက်ရှိပြီး သူနာမည်မှာ Peter ပြီးသူထက်အနည်းငယ်စောပြီး ဂစ်တာတီးသူဖြစ်ပါတယ်  Gilmour ဟာ Pink Floyd က ဂစ်တာသမား Syd Barrett နှင့်တွေ့ဆုံခဲ့ပြီးနောက် အဆိုတော် Roger Waters နှင့်ရင်းနှီးခဲ့ပါတယ်။ 1954 မှာ Gilmour ဟာအသက် ၁၃ နှစ်သာရှိသေးပြီးသူရဲ့ ပထမဆုံးဂစ်တာတစ်လက်ကိုစတင်ဝယ်ယူပြီး သူနှင့်အိမ်နီးနားချင်း သူငယ်ချင်းဆီမှ ဂစ်တာတီးကို စတင်သင်ယူခဲ့ပါတယ်။ ထိုမပြင်Pete Seeger2 - 6-16-07 Photo by Anthony Pepitone.jpg Pete Seeger ရေးသားသော ဂစ်တာ တီးနည်းစာအုပ်များကိုလဲ ဝယ်ယူလေ့လာခဲ့ပါတယ်။
September 1962, သူဟာ Cambridge Technical College တက်စဉ်က နိုင်ငံခြားဘာသာ ကိုလဲသင်ယူခဲ့တာကြောင့် ပြင်သစ်စကားကို ကောင်းမွန်စွာပြောနိုင်သူဖြစ်ပါတယ်။

Barrett နှင့်သူဟာ ကျောင်းထမင်းစားချိန်များမှာ ဂစ်တာလေ့ကျင့်ဘက်များ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဖွဲတည်းသားတွေတော့ ဖြစ်မလာကြပါဘူး။ Gilmour ဟာ 1962 ခုနှစ်မှာ Jokers Wild အဖွဲမှာစတင်တီးခဲ့ပြီး 1967 မှာထိုအဖွဲ့မှထွက်လိုက်ပါတယ်။ August 1965 မှာသူဟာ Barrett အပါဝင်သူငယ်ချင်းအချို့နှင့် စပိန် နှင့် ပြင်သစ် သိုလှဲ့လည်ခဲ့ပါတယ်။ အောင်မြင်မှုမရှိခဲ့ပါဘူး။ July 1992 မှာသူဟာ BBC မှာ Nicky Horne နှင့်အင်တာဗျူးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Beatles သချင်းဆိုပြီး လမ်းဘေးမှာ အလှူငွေကောက်ခံပြီး သီဆိုမှုဖြစ်အဖန်းခံခဲရပါတယ်။
အဲဒီနောက်သူတို့ ပြင်သစ်ကိုထပ်ထွက်သွားကြပါတယ်။ 1967 မှာ Jokers Wild အဖွဲ့ဟာ ပြင်သစ်မှာတီးဖြစ်ခဲ့ပြီး London ကိုတူရီယာပစ္စည်းကစ္စဖြစ်ပြန်လာခဲ့ပါတယ်။ သူပြန်လာစဉ်အတွင်း Chelsea က See Emily Play မှာအသံသွင်းနေတဲ့ The Pink Floyd နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ အင်္ဂလန်ကို ပြီးပြန်လာပါတော့တယ်။
December 1967 မှာ Pink Floyd အဖွဲ့က Drum တီးသူ Nick Mason နှင့်တွေဆုံခဲ့ပါတယ် ထိုသူကသူ့ကို သူတို့အဖွဲ့နှင့်လက်တွဲဘို့ ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့သူဟာ ဒီအဖွဲမှာဂစ်တာသမားဖြစ်လာပြီး Drumar သမား ဟာ January 1968 ထဲကကွယ်လွန်သွားပါတယ်။ သူတို့အဖွဲဟာ အဖွဲဝင် ယောက်နဲ့ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ Syd Barrett ဟာဖျော်ဖြေပွဲတစ်ခုမှာ တီးခတ်တာ အဆင်မပြေဖြစ်ခဲ့တာကြောင့် ထိုပွဲအပြီးမှာဘဲ အဖွဲကထွက်သွားတာကြောင့် ထိုနေရာဟာ သူ့အပေါ်ကြရောက်လာပါတယ်။ ထိုအချိန်မှစပြီး သူဟာ ထိုအဖွဲ့ ရဲ့ အဆို အတီး နှင့်စီစဉ်မှုကိုတာဝန်ယူလဲ့ပြီး ဘေ့စ်ကို Roger Waters ကတီးပြီး keyboard ကို Richard Wright ကတီးပါတယ်။ သူတို့ရဲ့ အယ်ဘမ်ဖြစ်တဲ့ The Dark Side of the Moon နှင့် Wish You Were Here တို့အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာတော့ Waters အဖွဲ့ကိုကိုင်တွယ်ထိမ်းချုပ်ပါတယ်။
Pink Floyd The Dark Side Of The Moon

Roger Waters + David Gilmour: Comfortably Numb, Live, O2 Arena 20
 
 ထို့နောက် သူကိုယ်တိုင် Animals နှင့် The Wall ကိုရေးသားခဲ့ပါတယ်။ ထိုသချင်းလေးကို ဖေါ်ပြပေးထားပါတယ်။ The Wall နှင့် The Final Cut သချင်းဟာ 1970 နှစ်များထဲက ဖျော်ဖြေတင်ဆက်တဲ့သချင်းဖြစ်ပါတယ်။
Animals သချင်းပြီးတဲ့နောက်ပိုင်းသူဟာ သူပါရမီကိုသူသတိထားမိသွား ပြီး 1978 မှာ Solo Album ဘက်ကိုလမ်းကြောင်းလှည့်ခဲ့ပါတယ်။ 1984 ခုနှစ်မှာတော့ About Face အယ်ဘမ်ကိုထုပ်ဝေဖြန့်ချီပါတယ်။
David Gilmour In Concert 1984 About Face Live

သူဟာ ဥရောပ နှင့် အမေရီးကား ဖျော်ဖြေရေးပွဲများကို စတင်ခဲ့ပါတယ်၊ UK ဖျော်ဖြေပွဲတစ်ခုမှာ Mason ကသူတို့နဲ့အတူ ဖျော်ဖြေခဲ့ပါသေးတယ်။ ထိုပွဲများမှအပြန်တွင် The Dream Academy ကိုထုပ်ဝေခဲ့ပါတယ်။  ထို့နောက်  "Life in a Northern Town" နှင့် Top Ten ဝင်လာသူဖြစ်ပါတယ်။
The Dream Academy Life in A Northern Town rare 1985
1985 မှာ Waters ဟာသူတို့ရဲ့ Pink Floyd ကို အရည်ချင်းမရှိတဲ့အဖွဲ့အဖြစ်ကြေငြာလိုက်ပါတယ်။ 1986 မှာ Gilmour နှင့် Drummer သမား Nick Mason တို့က
Waters ကိုသူတို့အဖွဲ့မှထုပ်လိုက်ကြောင်းကို သတင်းစာက ကြေငြာခဲ့ပါတယ်။ ထိုနောက် Gilmour က အဖွဲ့ကို အပြည်အဝအုပ်ချုပ်ခဲ့ပါတယ်။ 1987 ခုမှာ Mason နဲ့ Richard Wright တို့ရဲ့ ကူညီဆောင်ရွက်မှုတွေနဲ့
 A Momentary Lapse of Reason ကိုထုပ်ဝေဖြစ်ခဲ့ပါတယ်။ Wright က ဒီခွေထုပ်ပြီးတဲ့နောက် သူတို့အဖွဲထဲကို တရားဝင် ပြန်ဝင်ရောက်ခဲ့ပါတယ်။
Pink Floyd - Echoes (A Momentary Lapse of Reason Tour Rehearsals)
 
 1994 မှာ The Division Bell ကိုထုပ်ဝေခဲ့ပါတယ် 

Ringing of the Division Bell - Pink Floyd

အဲဒီနောက Gilmour ကရှင်းပြသည်မှာ သူတို့အဖွဲ့မှ Roger ထွက်မသွားခင်တုန်းက သူမှာပြဿနာ တော်တော်များများရှိခဲ့ သူတို့သချင်းတွေမှာ စကားလုံး အရန်း ဖေါင်းပွတယ်လို့ထင်တယ် ပြီးတော့ တိကျသော စကားလုံး တွေဟာ အရေးကြီးပါတယ်တဲ့ ဂီတကိုစာသားတွေနဲ့ ပို့ဆောင်ရတာဖြစ်တယ် အရန်းကို လှုပ်ဆော်ရမှာမျိုးမဟုတ်ဘူးတဲ့။ Dark Side of the Moon နှင့် Wish You Were Here အောင်မြင်ခဲ့တာဟာ Roger ရဲ့အထောက်ပံကြောင့်မဟုတ်ဘူး တေးသွားနှင့် စာသား အချိုးညီလို့ အောင်မြင်ရတာပါလို့ဆိုပါတယ်။ ဒီသဘောတရားကို  A Momentary Lapse of Reason မှာလုပ်ဆောင်ခဲ့တာပါတဲ့။ 1986 မှာ အိမ်အဆင်သင့်ပါတဲ့ စက်လှေ တစ်စီးကို ဝယ်ယူပြီး Hampton Court နားက River Thames မှာထားပြီး အသံသွင်း စတိုဒီယို ကိုထည်ထောင်ခဲ့ပါတယ်။ ထို့နောက် သူတို့ရဲ့ နောက်အယ်ဘမ် နှစ်ခုကို ထုပ်လုပ်ခဲ့ပြီး 2006 မှာ On an Island ကိုထုပ်ဝေပြန်ပါတယ်။ 2 July 2005 မှာ Roger Waters နှင့်အတူ Gilmour ဟာ ရှိုးပွဲ ပေါင်း ရှစ်ခုကိုအတူတကွ ဖျော်ဖြေဖြစ်ခဲ့ပါသည်။ ဒီပွဲကရတဲ့ငွေအားလုံးကို သူတို့အဖွဲဟာ လှူလိုက်ပါတော့တယ်။  3 February 2006 မှာ သူဟာ အီတာလျှံ သတင်းစာ တစ်စောင်ဖြစ်တဲ့ La Repubblica နဲ့ အင်တာဗျူး တစ်ခုမှာ Pink Floyd ဟာဘယ်တော့မှ နိုင်ငံခြားပွဲစဉ်တွေ သို့မဟုတ် စာမူအကြမ်းအချက်လက်တွေကို နောက်ထပ်ရေးတော့မှာ မဟုတ်ပါဘူးလို ပြောပါတယ်။ သူပြောတာက  " သူဟာ အသက်အားဖြင့် ၆၀ ရှိပြီဖြစ်ပါတယ်၊ ဒီထက်ပိုပြီး သူဟာ သူ့ရဲ့ အလုပ်ကို ပိုပြိးမလုပ်နိုင်တော့ပါဘူး Pink Floyd ဟာသူ့အတွက် အရေးကြီးပါတယ်၊ သူဘဝရဲ့ ကောင်းမွန်တဲ့ အချိန်တွေလဲ ရခဲ့ပါတယ် သူ့အတွက်တစ်ယောက်ထဲ အလုပ်လုပ်ရတာဟာ စိတ်ရှုပ်ထွေးမှုပိုနည်းစေတယ်" လို့ပြောသွားပါတယ်။ Live 8 ပွဲစဉ်နဲ့ပါတ်သက်ပြီး သူပြောပြရမှာ " ပြဿနာဖြစ်စေတဲ့ ပထမအချက် ဖြစ်လာစ၇ာ အကြောင်းက တစ်ခုမက ရှိတယ်တဲ့ ဒုတိယ အချက်က သူနဲ့ Roger ကြားမှာတင်းမာမှုလေးတွေဖြစ်လာ သူ့နှစ်လုံးသားအထိရောက်ခဲ့ရတယ်တဲ့ ဒါကြောင့်သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် မလေးမခန့်လုပ်တာတွေကို မေ့ပြောက်အောင်လုပ်ခဲ့ကြတယ်။ တတိယ အချက်ကတော့ သူညင်းလိုက်ရင် သူနောင်တရ နေရမယ်ဆိုတာ သိနေတဲ့အချက်ဘဲဖြစ်ပါတယ်" 20 February 2006 မှာ Gilmour က Pink Floyd ရဲ့အနာဂါတ်ကို Billboard.com နှင့် အင်တာဗျူးမှာ ထင်မြင်ချက်ပေးခဲ့ပါတယ် " ဘုရားသာသိပါလိပ်မယ် သူမှာဆက်လုပ်စရာ အစီစဉ်တွေမရှိတော့ဘူး၊ သူ့အစိစဉ်ကတော့ သူရဲ့ဖျော်ဖြေပွဲတွေ သူလုပ်ပြီး Solo အယ်ဘမ်တွေထုပ်လုပ်သွားဘို့ဘဲ ရှိပါတယ် " လို့ပြောသွားပါတယ်။
December 2006 မှာ Gilmour ဟာ Syd Barrett ကိုဂုဏ်ပြုတဲ့ အယ်ဘမ်ကိုဖြန့်ဝေပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ Syd Barrett ဟာ ထိုနှစ် 2006 ခု July 7 မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကိုပိုင် အယ်ဘမ်လေးက "Arnold Layne" ဖြစ်ပါတယ်။ 
သူ့အပြောအရ Live 8 ကနေစပြီး 2005 အထိ Pink Floyd ဟာညီညွတ်မှာ မရှိတော့ဘူးတဲ့ ကီးဘုဒ်အတီးသမား Richard Wright သေဆုံးသွားပြီးတဲ့ September 2008 မှာသူတို့ရဲ့ ပြန်ည်ပေါင်းစည်းမှုဟာ မဖြစ်နိုင်တော့ဘူးတဲ့။  
Gilmour ပြောတာက " ဒီအရှုပ်ထွေးထဲမှာ ဘယ်သူက Pink Floyd ဖြစ်တယ် ဘာဖြစ်တယ်ဆိုတာကို ယူဆောင်လာတဲ့ Rick ကိုအကြိမ်ကြိမ်မေ့ဖျောက်ခဲ့ရတယ်။  သူဟာ လူကြီးလူကောင်းဆန်ပြီး ရိုးရိုးကုတ်ကုတ်သမားဖြစ်တယ် သူရဲ့ အသံကြည်ကြည်လေး နဲ့ တီးခတ်တာဟာလဲ မရှိမဖြစ် အခရာဖြစ်ပါတယ်။ မှော်ဆန်ဆန် ရေးစမ်သီကုန်းထားခဲ့တဲ့ Pink Floyd ရဲ့အသံတွေဟာ ပိုပြိး လွမ်းဆွပ်စရာ  ကောင်းတယ်။ ဒါနဲ့ပါတ်သက်ပြီး ပြောစရာ စကားတောင် ရှာလို့မရပါဘူး ကျတော် သူကို ချစ်လဲ ချစ်ပါတယ် လွမ်းလဲအရန်း လွမ်းပါတယ် သူနဲ့တီးခဲ့ရသလိုမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး
May 2010 မှာ Roger Waters က Associated Press ကိုပြောရာမှာ  " Gilmour ဟာ အဖွဲပြန်လည်ညီညွပ်ရေးမှာ ဘာကိုမှမမျှော်ကိုးတဲ့သူဖြစ်တယ်  Live 8 ပြီးတဲ့နောက် နောက်လူခေါ်မလို့အထိဖြစ်ခဲ့တယ် ဒါပေမဲ့သူက ဒါကို မလိုချင်ဘူး အဖွဲကိုဘဲ ပြန်လည်ညီညွပ်စေချင်တယ်" လို့ပြောသွားပါတယ်။




http://www.davidgilmour.com/ မူရင်း Website

No comments:

Post a Comment