4} Eric Clapton


  
Eric Patrick Clapton ကို 30 March 1945 ခုနှစ် သူ့ရဲ့ အဖိုးဖွားများနေထိုင်ရာ  1 The Green, Ripley, 
Surrey, England. မှာ မွေးဖွားသူဖြစ်ပါတယ်၊ သူ့ဖခင်က 
Canadian လူမျိုး Edward Walter Fryer ဖြစ်ပြီးသူ့
မိချင်ကတော့ Patricia Molly Clapton တို့
ဖြစ်ကြပါတယ်၊ ၂၀၀၄ ခုနှစ်မှာ Rolling Stone magazines ရဲ့ အကောင်းဆုံးရာဇဝင်တွင့်မဲ့ ဂစ်တာသမား ၁၀၀ တွင့် စတုတ္ထ အဆင့်သတ်မှတ်ပေးခြင်းခံရသူဖြစ်ပါတယ်၊ Eric ဟာ ဂီတဝါသနာရှင်မိသားစုမှာ ကြီးပြင်းခဲ့
ရသူဖြစ်ပါတယ်၊ သူ့ရဲ့ဖွားအေ က စန္ဒယား အတီးပညာရှင်တစ်ယောက်ဖြစ်ပါတယ်၊ သူအသက် ၁၆ နှစ်ရောက်လို့ 1961 မှာ Kingston College မှာအနုပညာကို တစ်နှစ်စာချုပ်ဖြစ်စတင်
သင်ယူခဲ့ပါတယ်၊ 1962 ခုနှစ်လောက်မှာ Freddie King, B.B. King, Muddy Waters, Buddy Guy, နှင့်အခြားသော Blue ဂီတပညာရှင်များရဲ့တီးခတ်ထားတာကိုကြိုက်နှစ်သက်
သွားပြီး သူဟာ သူ့အဖွားကို ပေါင် ၁၀၀ တန် Gibson ES-335 Clone လျှပ်စစ်ဂစ်တာဝယ်ပေး ဘို့ ပူဆာပါတယ်၊ သူဟာ အစပိုင်းမှာ Richmond နဲ့ Kingston  မှာလမ်းဘေးမှာ ငွေကြေးကောက်
ခံပြိးတီးပြဖြော်ဖြေသူအဖြစ် လှည့်လည်ခဲ့ပါသေးတယ် ဒီလိုလှည့်လည်တီးခဲ့တာဟာ အင်္ဂလန် 
အနောက်ပိုင်းထိရောက်အောင် သွားရောက်ခဲ့ပါတယ်။ 1963 နှစ်ဦးပိုင်း သူ့အသက် 17 နှစ်လောက်မှာ သူရဲ့ အထမဆုံး The Roosters တီးဝိုင်းတစ်ခုထဲကိုဝင်ရောက်ခဲ့ပါတယ်၊ သို့သော်လည်းဒီဝိုင်းဟာ 1963 August လထဲလောက်မှာ ပျက်သွားခဲ့ပါတယ်၊
1963 October လလောက်မှာတော့ Keith Relf နှင့် Paul Samwell-Smith တို့က သူကိုသူတို့ရဲ့ The Yardbirds အဖွဲထဲဝင်ဘို့စည်းရုံးလာပါတယ်။ ဒီအဖွဲကိုရောက်ပြိး 18 လ အကြာမှာတော့  
Slowhand ဆိုတဲ့အမည်နဲ့ သူ့ရဲ့ပထမ Album ထုပ်ခဲ့ပါတယ်၊ အောက်က Video File
 လေးကိုနားဆင်ကြည့်ပါ၊

Eric "slowhand" Clapton - The best Instrumental Guitar Ever
 
The Yardbirds အဖွဲ့က “For Your Love” သချင်းကိုထုပ်ဝေစဉ်မှာတော့ သူဟာ အဖွဲမှထွက်ပြီး သူရဲ့လမ်းဖြစ်တဲ့ Blue ဂီတကိုစတင်ပါတော့တယ်၊ 1965 မှာ John Mayall ဟာ သူကိုသူတို့အဖွဲ့ 
Bluesbreakers မှာ ပါဝင် ဖို့ခေါ်ခဲ့ပါတယ်၊ ဒီအဖွဲ့နှင့်သူဟာ သူ့ရဲ့ဒုတိယ စီးရီးဖြစ်တဲ့ "God" ကို ဂုဏ်သတင်းကြီးအောင် လုပ်ဆောင် ခဲ့ပါတယ်၊ ဒီစီးရီးထွက်ခဲ့တာကြောင့် London မှာ “Clapton is God”ဆိုပြိး ရဲရဲရင့်ရင့် ပေါ်ထွက်လာခဲ့ပါတယ်၊ Michael Angelo Batio ကသူကိုဂုဏ်ပြုသောအား
ဖြစ် “Clapton is God”သချင်းကိုသီဆိုခဲ့ပါတယ်

Michael Angelo Batio - Clapton is God 
 

ဒီနောက်သူဟာ အဖွဲမှခေတ္တအနားယူပြီး Greece ကိုအလည်ပါတ်သွားရောက်ခဲ့ပါတယ်
ထိုမှအပြန်တွင့်တော့ Eric ဟာ Bluesbreakers အဖွဲထဲကိုဝင်ရေက်ခဲ့ပါတယ်၊ ဒီအဖွဲနှင့်
 “The Powerhouse” စီရီးကိုထုပ်ဖြစ်ခဲ့ပါတယ်ဒီအဖွဲမှာပါဝင်သတွေကတော့  John Paul Jones, Steve Winwood နှင့် Jack Bruce တို့ဖြစ်ကြပါတယ်။ ထို့နောက်  Bluesbreakers မှာထွက်ပြီး 1966 ခုနှစ်မှာ
Cream အဖွဲက Jack Bruce နှင့် Ginger Baker တို့နဲ့တွဲပြီး Album ၃ခုထုပ်ဖြစ်ခဲ့ပါတယ် Fresh Cream, Disraeli Gears, နှင့် Wheels of Fire တိုဖြစ်ပါတယ်။ ဒီ Album ၃ခုဟာ ကမ္ဘာက ဂုဏ်ပြုရတဲ့အထိအောင်
မြင်သွားခဲ့ပါတယ်၊ သူ Cream အဖွဲ့ဝင်ဖြစ်နေစဉ်မှာဘဲသူ့ရဲ့ဂုဏ်သတင်းဟာ ပထမဦးဆုံးသော Rock ဂစ်တာသမားအဖြစ်အခိုင်အမာ အသိမှတ်ပြုခြင်းခံရပြီး အဆင့်မြင့်စူပါတန်းဝင်ဖြစ်လာ
ခဲ့ပါတယ်။ သူဟာဒီအဖွဲ့နဲ့ ၂ နှစ်သာလက်တွဲခဲသော်လည်းအောင်မြင်မှုကတော့အတော်
ကိုထိရောက်လှပါတယ်။ Clapton ဟာတမူထူခြားသောဂစ်တာသမားတစ်ယောက်ဖြစ်ပါတယ် သူဟာလွယ်လင့်တကူ ပုံတူကူးယူတုပလုပ်ဆောင်တပ်သူတစ်ယောက်မဟုတ်ပါဘူး သူ့ရဲ့ Blue Style တီးခတ်မှုတွေကိုသေချာစိစစ်နားထောင်ပြီးကြိုးစားတီးခတ်ခဲ့တာဖြစ်ပါတယ်။ Cream အဖွဲ့ဟာ အဖွဲသားများရဲ့မာနထောင်လွှားမှုအောက်မှာ တစ်စစပြိုလဲသွးခဲ့ရပါတယ် သူတို့အဖွဲကို
၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် London မှာရှိတဲ့ Royal Albert Hall မှာဖျော်ဖြေပွဲပြီးတဲ့
နောက်ဖျက်သိမ်းလိုက်ပါတော့တယ်။ Cream အဖွဲ့ကိုဖျက်သိမ်းပြီးနောက် Eric Clapton ဟာ
Blind Faith အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့မှာ Steve Winwood, Ginger Baker, နှင့် Rick Grech တို့ပါဝင်ဖွဲစည်းခဲ့ပါတယ်။ သို့သော်လဲ စီးရီး တစ်ခုသာထုပ်ဖြစ်ခဲ့ပြိးထိုအဖွဲလည်း
ဖျက်သိမ်းလိုက်ပါတယ် အဲဒီနောက် သူဟာ ခရီးထွက်သွားခဲ့ပြန်ပါတယ်။ ဒိခရီးကို Delaney & Bonnie နှင့် Friends အဖွဲ့ရဲ့ဧည့်သည်အဖြစ်လိုက်ပါသွားခဲ့တာဖြစ်ပါနယ်၊ ဒီအဖွဲနှင့်အတူ Eric ဟာအားမန်တွေတက်ကြွလာပြီး Delaney & Bonnie အဖွဲ့နဲ့ Album ထုပ်ဖို့အထိစာချုပ်
 ချုပ်ဖြစ်သားခဲ့ပါတယ်။ ဒီမှာတင်သူဟာ သချင်းစတင်ရေးတဲ့အထိဖြစ်သွားခဲ့ပါတယ်. ဒီ Album ကို 1970 ခုနှစ်မှာဖြန့်ချီခဲ့ထုပ်ဝေခဲ့တာဖြစ်ပါတယ်။ Eric ဟာ Derek and the Dominos ဆိုတဲ့ ဝိုင်းကို 1970 နွေရာသီလောက်မှာ Delaney & Bonnie’s အဖွဲ့သားများဖြစ်ကြတဲ့ Jim Gordon, Carl Radle နှင့် Bobby တို့နဲ့တည်ထောင်ပြန်ပါတယ်။ သူဟာ The Dominos အဖွဲ့
နဲ့ ဆန်းသစ်ပြီး အလားအလာကောင်းမဲ့  Layla အပါအဝင် အခြား Assorted Love Songs သ ချင်း Album တွေကိုဆက်လက်အသံသွင်းခဲ့ပါတယ်၊  သူ့ရဲ့ Layla ကိုနားထောင်ကြည့်ပါ။

Eric Clapton - Layla


George Harrison ရဲ့ဇနီး Patti ကို ရည်ညွှမ်းပြီး "တစ်ဖက်သတ် အချစ် = Unrequited love" ဆိုတဲ့သချင်းကို Album ရဲ့ Theme အဖြစ်သုံးခဲ့ပါတယ် ဒီနောက် အမေရီးကားကို ခရီးထွက် ခဲ့ပြန် ပါတယ် အဲဒီကအပြန်မှာတော့ သူ့ရဲ့ နောက်ထပ် Album တွေကို ထမ်မထုပ်ဖြစ်တော့ဘဲ သူ့ရဲ့ The Dominos ပါပျက်စီးသွားပါတယ်  သူရဲ့ Unrequited love သချင်း ဟာ စီးပွားရေးအရတွက်ရင် မအောင်မြင်ခဲ့ပါဘူး အဲဒိနောက် သူဟာ ဘိန်းဖြူရဲ့သားကောင်အဖြစ် 3 နှစ်လောက်နစ်မွန်းသွားခဲ့ရတယ်။ 1973 ခုနှစ်လောက်မှာ သူဟာဆေးဖြတ်ပြီး သူ့ရဲ့အနုပညာ
အလုပ်ကို  London’s Rainbow Theater မှာ သူ့သူငယ်ချင်းဖြစ်သူ Pete Townshend (The Who) နှင့် ပြန်လည်စတင်လုပ်ဆောင်ပြန်ပါတ်၊ ဒါဟာသူ့ဘဝရဲ့အလှည့်ပြောင်းတစ်ခုလဲဖြစ်ပါ တယ်။ 1974 ခုမှာသူ့ရဲ့ စတိုင်သစ်သချင်းများနဲ့ 461 Ocean Boulevard Album  ကိုပြန် လည်စတင်ခဲ့ပါတယ် 461 Ocean Boulevard ပြီးတဲ့နောက်ပိုင်း အဆိုတော် တေးရေးဆရာ
 ဂစ်တာသူရဲ   ကောင်းဘဝကိုရောက်ရှိလာပါတယ်။  ဒီ့နောက်သူဟာ 1970 မှ 1980 နှစ်များတိုင်း အာင်နှစ်စဉ် သူ့ရဲ့ ဂစ်တာပညာကို ပြန်လည်ဆန်းသစ်စေခဲ့တယ်၊

Eric Clapton 461 Ocean Boulevard 1974

1985 ခုနှစ်ထဲမှာတော့ Eric ဟာသူရဲ့ ပရိပ်သတ်အသစ်ကို ကမ္ဘာ့အနှံသုံ့လှူတန်းရန် ရံပုံငွေ
အတွက်ပြုလုပ် တဲ့ဖျော်ဖြေပွဲများမှာ ပြန်လည်တည်ထောင်ခဲ့ပါတယ်၊  Live Aid ကဲ့သိုသော ကမ္ဘာ့ရန်ပုံငွေဖျော်ဖြေပွဲများ Royal Albert Hall ကနှစ်ပါလည်ဖျော်ဖြေပွဲများမှာ August
 နှင့် Journeyman တိုလိုသူကိုအများပြည်သူတို့ရဲ့စိတ်ထဲစွဲသွားစေမဲ့ ဖျော်ဖြေတီးခတ်မှုမျိုး 
လုပ်ဆောင်သွားခဲ့ရာမှာသူရဲ့ ဒုတိယ အသက်မွေးဝမ်းကြောင်းမှုသဘောမျိုးနဲ့ သချင်းရေး
သားခြင်းတို့ပါ လုပ်ဆောင်ခဲ့ပါတယ်၊ 1992 များနောက်ပိုင်းမှာတော့“Tears In Heaven
 ကဲ့သို့သော Unplugged ပွဲများလုပ်ဆောင်ပြီး စီးရီးများဖျန့်ဝေခဲ့ပါတယ်။

“Tears In Heaven.”


1994 မှာ Eric ဟာ From The Cradle ဆိုတဲ့စီးရီးကို ဖြန့်ဝေဖို့သူရဲ့မူရင်းဝါသနာဖြစ်တဲ့ Blue ဂီတကိုအစပြန်ကောက်တီးခတ်သွားတာဖြစ်ပါတယ်။

From The Cradle - Eric clapton - 1994



1997 ခုနှစ်မှာ သူဟာသူ့ရဲ့ TDF (Totally Dysfunctional Family) ဝိုင်းနဲ့ Retail Therapy ဆိုတဲ့ CD ကိုဖြန့်ချီခဲ့ပါတယ် ဒီအဖွဲမှာ သူဟာ သူ့ကိုသူ X-Sample အဖြစ်နဲ့ လှုပ်ရှားခဲ့တာ
 ဖြစ်ပါတယ် ဒီဝိုင်းမှာ Simon Climie (keyboards / synthesizer / producer) ဖြစ်ပြီး Paul Waller (drum programming) ဖြစ်ပါတယ် Tony Rich provided ကအဆိုသမား  B.B. King ကသချင်းတစ်ပုဒ်ကိုဝင်ရောက်သီဆိုပေးထားပါသေးတယ်။ 1998 မှာတော့သူဟာ Pilgrim ကိုဖြန့်ချီပါတယ် ဒီခွေမှာ တော့ ၉ နှစ်အတွင်း သူရဲ့တူရိယာအားလုံးကို အသစ်များဖြစ်
သာသုံးစွဲသွားတာဖြစ်ပါတယ်။ 2000 မှာတော့ American blues ဂီတပညာရှင် B.B. King နှင့်
 သူရဲ့ Blue ဂိတကို Album တစ်ခုအဖြစ်တွဲဖက်တက်ဆက်သွားခဲ့ပါတယ်။ ဒီ Album ဟာ ၃ ပါတ်အတွင့်မှာ ရွှေဖြစ်လာပါတယ် Riding With The King ဟာပေါက်တဲ့အတွက် သူဟာ
အချိန်တိုအတွင်း နောက်ထပ် Album အတွက်ပြင်ဆင်တော့တာပါဘဲ။

Riding With The King


Reptile ကိုတော့ 2001 March မှာဖြန့်ချီပြီး 2002 နှောင်းပိုင်းလောက်မျာ နောက် Album အတွက်ပြန်လည်ပြင်ဆင်ခဲ့ပါတယ်



သူဟာ 2001, 2002 နဲ့ 2003 မှာ တစ်နှစ်ကို Album တစ်ခုနှုံးနှင့်ထုပ်သွားခဲ့ပါတယ်သို့သော်လဲ 2003 မှာ Robert Johnson ရဲ့သချင်းများအတွက် တီးပေးထားပါသေးတယ်။ Me and Mr. Johnson ကို 2004 မှာဖြန့်ချီပါတယ်။ Back Home ကို 2005 မှာထုပ်ဝေခဲ့ပါဆယ်

Eric Clapton - Me & Mr Johnson 2004 Album


Eric Clapton Back Home 2005 Album


Eric ရယ် Ginger Baker နှင့် Jack Bruce တို့ဟာ Cream အဖွဲကိုပြန်လည်ဖွဲ့စည်းပြန်ပါတယ်
သူတို့ရဲ့ပြန်လည်ညီညွပ်ရေးပွဲလေး ကို London မှာရှိတဲ့ Royal Albert Hall မှာကျင်းပခဲ့ပါတယ်။ ဒီပွဲကိုလွန်ခဲ့တဲ့ 37 နှစ်က 1968 ခုနှစ်က နှုပ်ဆက်ပွဲလုပ်ခဲ့တဲ့နေရာမှာဘဲ ပြန်လည်ကျင်းပ
တာဖြစ်ပါတယ်။ 2005 October လမှာ New York က Madison Square Garden မှာဖျော်ဖြေပွဲကျင်းပပြုလုပ်ပါသေးတယ်။ London မှာ ပြုလုပ်ခဲ့တဲ့ ပွဲကို CD နှင့် DVD ခွေအဖြစ် 2005 နှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချီခဲ့ပါတယ်။ J.J. Cale အတွက် “Tulsa Sound” ကို Eric ဟာ အနုပညာရဲ့ ဗိသုကာ ပညာရှင်ကြီးဖြစ်ခဲ့ပါတော့တယ်။

JJ Cale နှင့် Eric Clapton တို့ရဲ့ Tulsa Sound

Tulsa SoundAlbum ကို J.J. Cale အတွက်သူရဲ့နောက်ထပ်ဂီတပညာကိုအစွမ်းပြခဲ့ပါ တယ်၊ J.J. Cale ကိုသူဟာ ဟိုးယ္ခင်ထဲကလေးစားခဲ့သူလဲဖြစ်ပါတယ်။  “After Midnight” “Cocaine” နှင့် “Travelin’ Light”  သချင်းများဟာ ဒီခွရဲ့ အသားပေးသချင်းများဖြစ်ခဲ့ပါတယ်။ 2006 November 7 မှာ The Road To Escondido ကိုဖြန့်ဝေခဲ့ပါတယ်။

Eric Clapton နှင့် J.J. Cale. The Road to Escondido 2006

ဒီခွေဟာ အလွန်ကိုအောင်မြင်သွားပါတယ်၊ အဆိုရော အတီးမှာပါ Best Contemporary 
Blues Album ခေါ် ခေတ်ပေါ် အကောင်းဆုံ Blue Album အဖြစ် Grammy ကပေးတဲ့ဆုကို  Los Angeles မြို့မှာ 2008 ခုနှစ် 10 February တွင်ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
အကြိမ် 50 မြောက် Annual Awards Ceremony ပွဲလဲဖြစ်ပါတယ်။ Eric Clapton ဟာသူ့ရဲ့ အနှစ် ၄၀ အနုပညာခရီးအတွင်းမှာ ဆုပေါင်းမြောက်များစွာ ကိုရရှိခဲ့သူလဲဖြစ်ပါတယ်။ သူဟာ Yardbirds နှင့် Cream အဖွဲ့နှစ်ခုလုံးမှာ ရော အနုပညာရှင်အနေနဲ့ရော ဆုသုံးဆု ကို Rock & Roll Hall Of Fame ခန်းမဆောင်မှာအပ်နှင်းခြင်းခံရတာဖြစ်ပါတယ်။ သုဟာ ကမ္ဘာ့အနှံ
အပြားမှာ  ထောင်ပေါင်းများစွာသော ဖျော်ဖြေပွဲများကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ 2001, 2004 နှင့် 2006 / 2007 နဲ့  2008 ခုနွေရာသီများမှာ အမေရီကန် အရှေ့ပိုင်း နဲ့ Canada နိုင်ငံအပါဝင် Europe မှာပါသူ့ရဲ့ ဂီတကိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်. 2008 ခုနှစ် February မှာ သူ့နဲ့နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့မိတ်ဆွေကြီး Steve Winwood နဲ့ New York’s Madison Square Garden မှာဖျော်ဖြေပွဲကို သုံးကြိမ်တိုင်တိုင်ဆင်နွဲခဲ့တာဖြစ်ပါတယ်။ 2009 ခုနှစ်မှာ သူ၏အဖွဲနှင့် Japan, New Zealand နှင့် Australia ကိုလယ်ပါတ်သွားရင်း ဖျော်ဖြေခဲ့ ပါသေး တယ်။  2004, 4, 5 နှင့် 6 June မှာတော့ Texas ပြည်နယ် Dallas မြို့မှာကျင်းပပြုလုပ်တဲ့ First Crossroads Guitar Festival ပွဲကို အစီအစဉ်မှူးအဖြစ်ဆောက်ရွက်ခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ DVD ခွေနဲ့ ရုပ်ရှင် ကားအဖြစ် 2004 June 24 မှာထုပ်လုပ်ခဲ့ရာထင်ထားသည်ထက် ဒေါ်လာ ၆သန်းကျော် အမြတ်ထွက်ခဲ့ပါတယ်။  The Second Crossroads Guitar Festival ကို 2007 ခု 28 July လတွင် Chicago မှာကျင်းပပြုလုပ်ရာတွင်လည်းအမြတ်အစွန်းများထပ်မန်ရရှိခဲ့ပါတယ်။  
Eric ရဲ့ ဇနီးက ရုပ်ရှင်မင်းသမီး Lori del Santo ဖြစ်ပြီး သမီးကြီးက Eric  ရဲ့သမီးကြီးဆကတော့ Ruth (b. January 1985) ဖြစ်ပြီး သားက Conor (b. August 1986) သို့သော်လည်း သားငယ်ဟာ ငယ်စဉ်ကဘဲ တိုက်ပေါ်ကကြပြီးဆုံးပါသွားပါတယ်။
Eric ရဲ့ ဇနီး Melia မှာသမီးသုံးယောက်ပါခဲ့ပါတယ်၊  Julie Rose (b. June 2001) Ella Mae (b. January 2003) နှင့် Sophie (b. February 2005) တို့ဖြစ်ပြီး  2002 January  1 မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ Eric ရဲ့ ပထမဇနီး Pattie Boyd Harrison ဖြစ်ပြီး 1979 ခု March 27 မှာ လက်ထပ်ခဲ့ကြပြီး သားသမီးမထွန်းကားခဲ့ကြပါဘူး။


http://www.ericclapton.com/  Rric Clapton ရဲ့မူရင်း Website ဖြစ်ပါတယ်သွားရောက်လည်ကြ
ပါနော်၊ ဆိုဒ်အရန်းလေးမှာ ကြောက်တာကြောင့်သချင်းတွေကိုတော့ Youtube မှာသာရှာကြပါ။
(မှတ်ချက်။   ။သူအကြောင်းကို ခုလိုပြန်ဆိုေ၇းသား ရာမှာ English စာအသုံးနှုံးတွေဟာ 
ကျနော်ခေါင်းကို မီးခိုးအူနေ အောင်ထွက်စေပါတယ် Dictionary တွေဟာ အားကိုးလို့မ
ရလောက်အောင်ဖြစ်ရပါတယ် သို့သော်လည်း ကျနော်မသိတဲ့ စကလုံးတွေကို Google ကိုပါးနပ်စွာအသုံးချပြီး ရှာဖွေသွားတာဖြစ်ပါတယ်)

No comments:

Post a Comment