9} Jimmy Page

Jimmy Page ကို 1944 , January  9 အင်္ဂလန်နိုင်ငံ Heston မြို့မှာဖွားသူဖြစ်ပါတယ်၊ Jimmy Page ရဲ့ ဖခင်ဟာ James Patrick Page ဖြစ်ပြီး မိခင်ကတော့ Patricia Elizabeth Page ဖြစ်ပြီး London မြို့အနောင်းပိုင်းသားများဖြစ်ပါတယ်။ 1952 ခုနှစ်မှာ Feltham မှာရှိတဲ့ Miles Road ကိုပြောင်းရွှေနေထိုင်ကြပါတယ်။ သူဂစ်တာကို
စတင်ခဲ့တာဟာ အင်္ဂလန်နိုင်ငံ Surrey မှာရှိတဲ့ Epsom မြို့မှာဖြစ်ပါတယ် ဒီအချိန်တုန်းက သူအသက်ဟာ 12 နှစ်သာရှိပါသေးတယ် သူဟာ ဂစ်တာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်မှုတွေကို သူနေတဲ့နား က Kingston ဈေး မှာဖြစ်ပါတယ်။ သူအထင်ကြီးလေးစား
ရတဲ့ ဂစ်တာသမား များကတော့ Rockabilly, Scotty Moore နှင့် James Burton တို့ဖြစ်ပါတယ် ထို Scotty Moore နှင့် James Burton တို့ဟာ Elvis Presley အတွက် ဂစ်တာတီးပေးကြသော ဂစ်တာသမားများဖြစ်ပါတယ်။
1965 ခုနှစ်တွင့် Yard Birds အဖွဲ့သို့ဝင်ရောက်ခဲ့ပါတယ်၊ 1968 ခုနှစ်မှာသူလိုချင်တဲ့ပုံကိုဖန်တည်း

ယူခဲ့ပြီး Led Zeppelin ဟု 1969 အမည်ပြောင်းခဲ့ပါတယ်။ Led Zeppelin ဟာမကြာခင် နှစ်များအတွင်းအောင်မြင်လာခဲ့ပြီး 1970 ခုနှစ်များရဲ့ အအောင်မြင်ဆုံးတီး  များထဲမှ တစ်ခု
အပါအဝင်ဖြစ်လာခဲ့ပါတယ်။ Jimmy Page ဟာ 12 နှစ်သား အရွယ်ထဲက ဂစ်တာကိုစတင် တည်းခတ်ခဲ့ သူဖြစ်ပါတယ် သူရဲ့ ပထမဆုံးကိုယ်ပိုင် ဂစ်တာကတော့ 1959 ထုပ် Futurama Grazioso ဂစ်တာအဟောင်းလေးဖြစ်ပါတယ်၊ အသက် 14 နှစ်ပြည့်တဲ့အခါမှာ အင်္ဂလန်မှာရေပန်းအစား ဆုံးသချင်းဖြစ်တဲ့  Huw Wheldon  ရဲ့ All Your Own ကိုလက်စွမ်းပြတီးခတ်ခဲ့ပါတယ်။ ဒိပြင် ကျောင်း ဂီတအဖွဲ့မှာလည်း ဝင်ရောက်တီးခတ်နေပါပြီ၊ သူ ပထမဆုံးတီးပေးတဲ့ Recording ကတော့ Jet Harris နှင့် Tony Meehan တို့သီဆိုထားတဲ့ Diamonds စီးရိးကို 1963 ခုနှစ် November 1 ရက်နေ့ ဖြစ်ပါတယ်၊  1964 ခုနှစ်များမှာတော့ Jimmy Page ရဲ့ Studio မှ Marianne Faithfull ရဲ့ "As Tears Go By" ။ The Nashville Teens ရဲ့ "Tobacco Road" ။ The Rolling Stones "Heart of Stone" ။ Van Morrison' ရဲ့ "Baby Please Don't Go" နှင့် "Here Comes the Night", Dave Berry's "The Crying"  ။ "My Baby Left Me" နှင့် Breand Lee ရဲ့ "Is It True" တို့ကိုထုပ်လုပ်ခဲ့ပါတယ်။ 
 1965 တွင် Page ဟာ Rolling Stones ရဲ့ မန်နေဂျာဖြစ်သူ Andrew Loog Olham ကိုငှားခဲ့ပြီး John Mayall, Nico, Chirs Farlowe နှင့်Eric Clapton တို့ရဲ့ စီးရီးများကို ထုပ်လုပ်ဖြန့်ချီခဲ့ပါတယ်။ 1969 မှာ Session Musician အဖြစ် A1 Stewart ရဲ့ Love Chronicles ကိုတီးခတ်ပေးခဲ့ပါတယ်၊ ထို့အတူ Joe Cocker ရဲ့ Debut album ကိုသူငယ်ချင်းများနှင့်ကူညီတီးခတ်ပေးခဲ့ပါတယ်။ Jimmy Page ဟာ Jaff Beck ရဲ့ Show ပွဲတစ်ခုကို 1981 ခုနှစ် March လမှာတီးခပ်ပေးပြိး ပြန် လည်အောင်မြင်လာသူဖြစ်ပါတယ်၊ ထို့အတူ 1983 ခုနှစ် A.R.M.S. (Action Research for Multiple Sclerosis) ပွဲမှာပြန်လည်ပေါ်ထွန်းလာပြန်ပါတယ်၊ Layla ၊ Jeff Beck နှင့် Eric Clapton ပြန်လည်ပေါင်းခဲ့တာလည်းဖြစ်ပါတယ်၊ 1984 ခုနှစ်မှာတော့ Zeppelin ရဲ့ယခင်အဆိုရှင်များဖြစ်တဲ့
Robert Plant ၊ John Paul Jones တို့နှင့်ပြန်လည်အသံသွင်းယူချင်းများလုပ်ခဲ့ပါတယ်၊

1986 ခုနှစ်များမှာတော့ Yardbirds အဖွဲနှင့် ပြန်လည်အဆင်ပြေခဲ့ပြီး သချင်းအချို့ ကိုထုပ်လုပ်ခဲ့ပါတယ်၊ ဤသို့ဖြင့် 2006 နိုဝင်ဘာလတွင် UK Music Hall က Led Zeppelin ကို နာမည်ကြီးပြီးလေးစားဖို့ကောင်းသူ များနှင့် မိတ်ဆက် ခန်းမှာတာဝန်ခန့်အပ်ခဲ့ပါတယ်။
 Jimmy Page မူရင်း Website ကိုဒီနေရမှသွားရောက်ကြည့်ရှူနိုင်ပါတယ်။
Jimmy Page သချင်းများ ကိုဒီနေရမှသွားရောက်ကြည့်ရှူနိုင်ပါတယ်။ ဒီဆိုဒ်မှသချင်းများရှာပြီး YouTube မှာကြည့်ပါက ပိုအဆင်ပြေပါမည်။

Come With Me (Instrumental) - Puff Daddy & Jimmy Page
 
A Shadow In The City
 
Johnny Hallyday - A tout casser
 
Jimmy Page - Breathless -
 
Jimmy Page-Hip Young Guitar Slinger
 
Jimmy Page , black crowes. your time is gonna come
 
Led Zeppelin - Stairway to Heaven
 
Stairway to heaven ကို ဒီလိုတီးကြမယ်။
 
Jimmy Page wasting my time
 
Jimmy PageThe Wanton Song
 
The Wanton Song ကို ဒီလိုတီးကြမယ်။
 
Robert Plant And Jimmy Page - Thank You
 
Foo Fighters & Led Zeppelin - Rock N' Roll
 
Foo Fighters with Jimmy Page and John Paul Jones
 
Baby I'm gonna leave you

No comments: