39} Brian May

 
Dr Brian May ကို 19 July 1947 မှာမွေးဖွားပါတယ်၊  Queen 
အဖွဲကိုတည်ထောင်သူ ကမ္ဘာကျော် ဂစ်တာသမား တေးရေးဆရာ၊ ထုပ်လုပ်သူ အပြင် ရူပနက္ခတ္တဗေဒပညာရှင် Doctor ဘွဲရတစ်ယောက်လဲဖြစ်ပြီး တိရိစ္ဆာန်များ အခွင့်အရေးအတွက် တိုက်ပွဲဝင်သူလဲဖြစ်ပါတယ်။ နက္ခတ္တဗေဒပညာ ကျောင်းမှာထူးချွန်စွာအောင်မြင်ပြိး PhD ဆက်တက်မဲ့နှစ်မှာဘဲ သူရဲ့ Queen အဖွဲဟာ အရန်းအောင်မြင်လာခဲ့ပါတယ်။ အဲဒီကနေစပြီး Queen ဟာ နောက်ထပ် ဆယ်စုနှစ် လေးစုထိ ကမ္ဘာအနှံအပြားနဲ့ UK မှာလဲအထူးေ၇ပန်းစားတဲ့ထိပ်တန်းအဆင့်မှာ အောင်မြင်နေခဲ့ပါတယ်။ သူဟာ “We Will Rock You” အပါအဝင် အအောင်မြင်ဆုံး အခွေပေါင်း 22 ခုကို TOP 20 တန်းဝင်ဖြစ်အောင်ရေးသားခဲ့သူလဲဖြစ်ပါတယ်။ ဒီသချင်းကို Ben Elton နှင့်အတူရေးခဲ့တာ ဖြစ်ပါတယ်။ http://www.brianmay.com/brian/biog.html မှာရေးသားထားတဲ့အရပြန်ဆိုရမယ်ဆိုရင် ဒီသချင်းကို London မှာကျင်းပသွားတဲ့ 2012 အိုလန်ပစ်ပွဲမှာ အကြိမ်ပေါင်း 550,000 ထိတီးခဲ့တယ်လို့ဆိုပါတယ်၊ ကိုတိုင်သာသွားဖတ်ကြည့်ကြပါ။ သူနဲ့တွဲဖက်သီဆိုသွားသူများကတော့ Roger Taylor နှင့် Jessie J တို့ဖြစ်ကြပါတယ်။ ပရိပ်သတ်ပေါင်းက သန်း တစ်ထောင်ကျော်တယ်လို့ဆိုပါတယ်။

We Will Rock you - Queen Ft Jessie J - Olympic Games - 2012 Lon

1974 မှ 1988 အထိသူချစ်ဇနီးကတော့ Chrissie Mullen ဖြစ်ပြီး သူ့နှင့်ကလေး ယောက်ထွန်းကားခဲ့ပါတယ်။ Jimmy, ကို 15 June 1978 မှာမွေးဖွားပါတယ်၊ Louisa, ကို 22 May 1981 မှာမွေးဖွားပြိး Emily Ruth, ကိုတော့ 17 February 1987 ပြီး သူတို့အိမ်ထောင်ဟာ 1988. လမ်းခွဲခဲ့ကြပါတယ်။ သူတို့ရဲ့လမ်းခွဲမှုသတင်းကို British လူပြိန်းကြိုက်သတင်းစာတစ်စောင်က ခေါင်းကြီးပိုင်းလုပ်ပြိးေ၇းသားဖေါ်ပြခဲ့ပါတယ်။ သူဟာ EastEnders မင်းသမီး Anita Dobson လူမှုရေးဖောက်ပြန်တဲ့ အချစ်ဇတ်လမ်းများရှိခဲ့တယ်လို့ခေါ်ပြခဲ့ပါတယ်။ ဒီမင်းသမီး နှုင့် 1986 ခုနှစ်မှာဆုံးဆည်းခဲ့ကြတယ်လို့ ဆိုပါတယ်။  Anita Dobson နှင့် Wembley Stadium မှာဖျော်ဖြေပွဲလုပ်ပြိးတဲ့နောက်ပိုင်း 18 November 2000 မှာသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါတယ်။ သူဟာ စိတ်ကျ ရောဂါကို 1980 နှစ်နောက်ပိုင်းမှ 1990 အထိ ဒီရောဂါကိုခံစား ခဲရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ပြောခဲ့ဘူးပါတယ်။ သူ့ဖခင် Harold ဟာ Aviation ဝန်ကြီးဌာနက ပုံဆွဲဆရာတစ်ယောက်ဖြစ်ပြီး ဆေးလိပ်အလွန်အကျွှန်သောက်တာကြောင့် သူဟာ ဆေးလိပ်သောက်ခြင်းကို အရန်းမုန်းသူဖြစ်ပါတယ်။ သူဟာဂီတသမားတစ်ယောက်ဖြစ်ရေးအတွက် ပညာေ၇းကိုစွီန့််ပြစ်သူဆိုပြီး သူအဖေက သူ့ကိုအတော့လေး စိတ်ပျက်ခဲ့ဘူးပါတယ်။ သူအောင်မြင်သွားတော့မှ ဘဲ သူအဖေလဲသက်ပြင်းချနိုင်ပြိး ပေါင် 85 Millions အထိချမ်းသာသွာခဲ့ပါတယ်၊ 2011 နှစ်များမှာတော့သူရဲ့ချမ်းသာ မှုဟာ US 135 Million အထိဖြစ်လာပါတယ်။ 
သူ့ပညာရေးအကြောင်းကိုပြောရမယ်ဆိုရင် သူဟာ Imperial  College London မှာ ရူပဗေဒ နှင့် သင်္ချာ ကိုသင်ယူခဲ့တာဖြစ်ပြီး BCs နှင့်ဘွဲရခဲ့ပါတယ်။ ထို့နောက် PhD ဆက်တက်ပြီးမှထို PhD Programme မှခွဲထွက်လုက်ပြိး နေစင်္ကြာဝဠာထဲမှ အမှုံမွှားများနှင့် ဂြိုလ်အချင်းချင်းမှ အလင်းပုံရိပ်ထင်ခြင်းတို့ကို သင်ယူခဲ့ပါတယ်။ သို့သော်လဲ Queen အဖွဲ့အောင်မြင်လာချိန်မှာတော့ သူ့ရဲ့ရူပဗေဒ နဲ့ဒေါက်တာဘွဲ့ယူမဲ့အစီစဉ်ကိုစွန့်ခဲ့ပါတယ် ဒါပေမဲ့လဲ သိပ္ပံသု့တေသန စာတမ်းပူးတွဲရေးသားခဲ့ပါတယ်။ သူပူးတွဲရေးသားခဲ့တဲ့စတန်းများကတော့ MgI Emission In The Night-Sky Spectrum ကို 1972 မှာဖြစ်ပြီး An Investigation Of The Motion Of Zodiacal Dust Particles (Part 1) ကို 1973 ရေးသားတင်သွင်းခဲ့ပါတယ်။ သူနှင့်တွဲဖက်ရေးသားခဲ့သူကတော့ The Complete History of the Universe ကို Sri Patrick Moore နှင့် Chris Lintott ဖြစ်ကြပြီး October 2006 မှာဖြန့်ဝေခဲ့ပါတယ်။ အနှစ် 30 ကြာေ၇းသားခဲ့တဲ့သူရဲ့ PhD သူတေသနစာတမ်းကို October 2007 ကြမှအဆုံးသတ်ဖြစ်ခဲ့ပါတယ်။ 2008 Wednesday 14 May မှာ Royal Albert Hall မှာဘွဲလက်မှတ်ကိုယူခဲ့တာဖြစ်ပါတယ်။  Discography လို့ခေါ်တဲ့သူ့ရဲ့အနုပညာသမိုင်းကြောင်းကိုပြောပြရင်တော့ သူတို့အဖွဲ့က အဆိုတော်က Freddie Mercury ဖြစ်ပါတယ်။ Lead ဂစ်တာကို Brian May ကတီးပြိး Bass ကိုတော့ John Deacon ကတီးပါတယ်၊ Drummer ကတော့ Roger Taylor ဖြစ်ပါတယ်။ သူတို့ဝိုင်းက ခွေပေါင်း 15 ခွေထုပ်ဝေခဲ့ပါတယ်။ ဒီအဖွဲ့ကို 1970 ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ 1973 မှာ သူတို့ရဲ့ပထမ Album ကိုဖြန့်ဝေခဲ့ပြီး 1974 မှာအောင်မြင်လာခဲ့ပါတယ်။
 1975 မှာထုပ်ဝေတဲ့ "Bohemian Rhapsody" အခွေဖြစ်ပါတယ်။

ဒီခွေက ထုပ်ဝေပြိး ၉ ပါတ်အတွင်းမှာအောင်မြင်သွားပြီး တတိယမြောက် UK အရောင်းရဆုံးစရင်းမှာယနေ့တိုင်ရှိနေပါတယ်။ 1981 ရဲ့ Greatest Hit Album က အချပ်ရေပေါင်း 5.8 သန်းအထိရောင်းရခဲ့တဲ့ခွေဖြစ်ပါတယ် ဒါဟာ 2012 အထိမှတ်တမ်းကပါ။ 

 1981 Greatest Hits


1991 က Greatest Hit II ကတော့ 3.8 သန်းအထိရောင်းရခဲ့တာဖြစ်ပါတယ်။
1991 Greatest Hits II


Queen ရဲ့ Studio albums များ ကိုနှစ်အလိုက်ဖေါ်ပြပေးထားပါတယ်

Queen I ကို 13 July 1973 ဖြန့်ဝေပါတယ် Queen II
Sheer Heart Attack
ကို 8 November 1974 ဖြန့်ဝေပါတယ်
A Night at the Opera ကို 21 November 1975 ဖြန့်ဝေပါတယ်

A Day at the Races ကို 10 December 1976 ဖြန့်ဝေပါတယ်

News of the World ကို 28 October 1977 ဖြန့်ဝေပါတယ်

Jazz ကို 10 November 1978 ဖြန့်ဝေပါတယ်

The Game ကို 27 June 1980 ဖြန့်ဝေပါတယ်

Hot Space ကို  3 May 1982 ဖြန့်ဝေပါတယ်

The Works ကို 27 February 1984 ဖြန့်ဝေပါတယ်

A Kind of Magic ကို 2 June 1986 ဖြန့်ဝေပါတယ်

The Miracle ကို 22 May 1989 ဖြန့်ဝေပါတယ်

Innuendo ကို 5 February 1991 ဖြန့်ဝေပါတယ်

Made in Heaven ကို 6 November 1995 ဖြန့်ဝေပါတယ်

 

Queen ရဲ့ Live albums များ ကိုနှစ်အလိုက်ဖေါ်ပြပေးထားပါတယ်

 
Killers
ထုပ်ဝေသောနေ့စွဲ: January–March 1979
ထုပ်ဝေသောနေ့စွဲ: 22 June 1979



Magic
ထုပ်ဝေသောနေ့စွဲ: July–August 1986
ထုပ်ဝေသောနေ့စွဲ: 1 December 1986



At the Beeb
ထုပ်ဝေသောနေ့စွဲ: 5 February & 3 December 1973
ထုပ်ဝေသောနေ့စွဲ: 4 December 1989



Live at Wembley '86
ထုပ်ဝေသောနေ့စွဲ: 12 July 1986
ထုပ်ဝေသောနေ့စွဲ: 26 May 1992



Queen on Fire – Live at the Bowl
ထုပ်ဝေသောနေ့စွဲ: 5 June 1982
ထုပ်ဝေသောနေ့စွဲ: 4 November 2004



Queen Rock Montreal
ထုပ်ဝေသောနေ့စွဲ: 24 & 25 November 1981
ထုပ်ဝေသောနေ့စွဲ: 29 October 2007



Hungarian Rhapsody: Queen Live in Budapest ’86 
ထုပ်ဝေသောနေ့စွဲ: 27 July 1986
ထုပ်ဝေသောနေ့စွဲ: 6 November 2012

သူ့ရဲ့မူရင်း website ကိုအောက်မှာပေးထားပါတယ်။
http://www.brianmay.com/

No comments:

Post a Comment