3} B. B. King

 

Riley B. King ကို 1925 ခုနှစ် September16 ရက်နေ့မှာမွေးဖွားခဲ့ပါတယ်၊ စဉ်ပေါ်မှာ သူ့ကို B.B. King လို့ထင်ပေါ်ကျော်ကြားလူသိများကြပါတယ်။ သူဟာ American နိုင်ငံက Blue ဂီတပညာရှင်၊ အဆိုတော် တေးရေးဆရာ ဂီတာသမားတစ်ယောက်ဖြစ်ပါတယ်။ Rolling Stone Maganize ရဲ့ အကောင်းဆုံးဂစ်တာ သမား 100 မှာ အမှတ် 6 လို့ wikipedia ကပြောထားပါတယ်။အဲဒီ အဆင့် 3 ဟာ 2003 ခုနှစ်ကလို့ဆိုပါတယ်။ Gibson ကုမ္ပဏီ ရဲ့ အကောင်းဆုံး ဂစ်တာသမား 50 စရင်းထဲ မှာတော့ အမှတ် 17 ချိပ်တယ်လို့ဆိုပါတယ်။ Edward M. Komara အပြောအရ Electric Blue ဂီတသမားတိုင်းရဲ့အပေါ်မှာ လွှမ်းမိုးထားနိုင်ပြီး လင်းလက်တောက်ကပြီး အသံတုန်တုန်လေးနှင့် ပြေပြစ်ကျော့ရှင်းတဲ့စတိုင်ကိုအခြေခံပြီးတည်းသွားတာဟာ အလွန်ကိုခေတ်မှီတယ်လို့ ဆိုပါတယ်။ 1987 Rock
And Roll Hall ကိုစတင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရာသက်ပန် Blue ဂီတပညာရှင်အဖြစ်
Blue ဂီတကိုလွှမ်းမိုးထားသူဖြစ်ပါတယ်။  The King Of Blue ဆိုတာ သူ့ရဲ့ချစ်စနိုး Nickname လေးပဲဖြစ်ပါတယ်။ သူ့ခေတ်မှာ Blue King 3 ယောက်ရှိတဲ့အထဲက သူဟာ
လဲတစ်ယောက်အပါဝင်ဖြစ်ပါတယ်၊ ကျန်နှစ်ယောက်ကတော့ Albert king နှုင့် Freddie King တို့ဖြစ်ကြပါတယ်။ သူဟာ အသက် 70 တိုင်အောင် နှစ်စဉ် ဖျော်ဖြေပွဲပေါင်း 250 နှင့် 300 ကိုပင်ပန်းတယ်လို့မရှိဘဲ ဖျော်ဖြေခဲ့သူလဲ ဖြစ်ပါတယ်။ 1956 ခုမှာတုန်းက
ဖျော်ဖြေပွဲပေါင့်း 342 တိတိ ဖျော်ဖြေခဲ့သူပါ။ သူ့အသက် 87 ရောက်လာတဲ့အထိ တစ်နှစ်ကို အနည်းဆုံး ပွဲစဉ် 100 လောက်ကိုသီဆို ဖျော်ဖြေဆဲဖြစ်ပါတယ်။ သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ဂစ်တာစတိုင်တော်တော်များများကို ဖေါ်ထုပ်ခဲ့သူဖြစ်ပါတယ်။
သူဟာ  Blind Lemon Jefferson နှင့် T-Bone Walker အခြားဂစ်တာသမားအချို့ကို အတုခိုးနည်းယူခဲ့သူပါ။ သူဟာ ဘယ်သံဖြစ်ပြီး ရှင်းရှင်းလင်းလင်းတိတိကျကျ နဲ့အသံကိုစုံလင်အောင် သီဆိုနိုင်သူဖြစ်ပါတယ်။ သူရဲ့စီးပွားရေးအရ ရေးစပ်သီကုန်းဖွဲဆိုမှုတွေ
က ထောင်ပေါင်းများစွာသော ဂစ်တာသမားများအတွက်ဖြစ်ပါတယ် Eric Claption မှစလို့ George Herrison အပါအဝင် Jimmy Page နှင့် Jeff Back တို့အထိဖြစ်ပါတယ်။ သူဟာ Blue, Jazz, Swing, Mainstream pop နှင့် jump တို့ကို ရောနှောပေါင်းစပ်
တီးခတ်သူဖြစ်ပါတယ်။ သူကို Mississippi မြစ်နားက Berclair ဟိုင်းဝေးကားလမ်းမဘေးက ဝါဂွမ်းဆိုက်ခင်းထဲကအိမ်လေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး Albert King နှင့် Nora Ella Farr တို့၏သားဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 1930 ပေါင်းသင်းပြီး King လေးနှစ်သားအရွယ်မှာ သူဖခင်က သူတို့မိသားစုကိုထားသွားခဲ့တာ ဖြစ်ပြီး သူ၏
မိခင်ကလဲ နောက်အိမ်ထောင်ပြုသွားခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူမိခင်ဟာ သူ့ကို အရွယ်ရောက်အောင် ကြွေးမွေးဘို့အတွက် အရန်းကို ဆင်းရဲနွမ်းပါးတာကြောင့်
ဖြစ်ပါတယ်။ သူဟာဖွားအေဖြစ်သူ Elnhorn Baptist နှင့် Mississippi မြစ်နဲ့အနီး Kilmichael မြို့ငယ်လေးမှာ ကြီးပျင်းခဲ့ပြီး သူအသက် 12 အရွယ်မှာ 15 ဒေါ်လာတန် ဂစ်တာတစ်လက်ကို ပထမဆုံးဝယ်ယူခဲ့ပါတယ်။ အခြားသောလူတို့အပြောအရ သူ့ရဲ့ပထမ
ဂစ်တာကို Bukka White ကပေးခဲ့တာလို ဆိုကြပါတယ်။ Bukka White ဟာသူ့အမေဘက်က ဦိးလေးတော်သူဖြစ်ပါတယ်။ King ဟာ 1943 ခုနှစ်မှာ Kilmichael မှာထွက်ခဲ့ပါတယ်၊ ထို့နောက် Tractor မောင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းမှုပြုရင်း
  Mississippi က Inverness မြို့ရဲ့ Famous St. John's Quartet မှာ ဂစ်တာလဲတီးပါတယ်။ သူတို့ဟာ Graanwood မှာရှိတဲ့ လိုင်စဉ်ရ အသံလွှင့်ဌာနဖြစ်တဲ့ WGRM နှင့် ဘုရားရှစ်ခို့ကျောင်းများမှာ တီးမှုတ်သီဆိုခဲ့ကြပါတယ်။ 1946 ခုနှစ်မှာတော့ သူဦးလေး
ဖြစ်သူ Bukka White နှင့် Tennessee ပြည်နယ် Memphis မြို့ကို လိုက်ပါသွားခဲ့ပါတယ်။ သို့သော်လဲ မကြာခင်မှာဘဲသူဟာ Mississippi ကိုပြန်လာခဲ့ပါတယ်။ နှစ်နှင့်လောက်ကြာပြီးနောက် 1948 ခုနှစ်မှာ သူဟာ West Memphis, Arkansas ကိုပြန်လာခဲ့ပါတယ်။
သူဟာ West Memphis မှာရှိတဲ့ KWEM အသံလွှင့်ဌာနရဲ့အစီစဉ်တစ်ခုမှာ သီဆိုခွင့်ရသွားရာမှ သူ့သချင်းပရိပ်သတ်ကိုစတင်ရရှိသွားခဲ့တာဖြစပြီးနောက် Sixteenth Avenue Grill နှင့်တွဲပြီးတည်တည်ငြိမ်ငြိမ်ဖြစ်လာပြီး WDIA အသံလွှင့်ဌာနာမှာ ၁၀ မီးနစ် သီဆိုခွင့်
ရသွားရာမှ သူ့ရဲ့ဖျော်ဖြေမှုနေရာ ရရှိလာတာဖြစ်ပါတယ်။ ဒီအခွင့်ရေးကို အသုံးချပြီး Sepia Swin Club ဖြစ်လာခဲ့ပါတယ်။ သူဟာ WDIA မှာ အဆိုတော်တစ်ယောက်ဖြစ်သလို Disc Jockey လဲဖြစ်ပါတယ် ဒီတုန်းကသူ့ရဲ့ အမည်က Beale Street Blues Boy
ဖြစ်ပါတယ်။ နောက်ပိုင်း မှာ Blues Boy ကနေပြီးတော့ B.B. King ဖြစ်လာတာပါ။ သူဟာ အဲဒီမှာ T-Bone Walker နှင့်စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။။ 

King ဟာ 1949 ခုနှစ်မှာ သူ့ရဲ့ အနုပညာနှင့်စတင် အသက်မွေးဝပ်းကျောင်းမှုကို လုပ်ကိုင်ခဲ့ရတွင် သူစတင်စာချုပ်ပြီးလုပ်ခဲ့တဲ့ တေးသံသွင့်းက RPM တေးထုပ်လုပ်ရေးဖြစ်ပြီး ပိုင်ရှင်ကတော့ Sam Phillips ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Sun တေးသံသွင်းကို
တည်ထောင်သူဖြစ်ပါတယ်။ သူ RPM နှင့်းစာချုပ်မချုပ်ခင် သူရဲ့ဗွေဆော်ဦး ထုပ်လုပ်သူက Bullet တေးထုပ်လုပ်ရေးဖြစ်ပြီး  1949 မှာ "Miss Martha King"  ကိုအရင်ထုပ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီခွေက ကောင်းကောင်း မအောင်မြင်ခဲ့ပါဘူး။ သူ့ရဲ့ ကထမ
ဆုံး Session ဖြစ်တဲ့ဒီခွေထဲမှာ သူရဲ့အဖေက Drum တီးပြီး သူ့အကို Calvin က ဂစ်တာတီးပြီး သူ့အကို Thomas Branch က Trumpet သမား၊ Trombone သမားကတော့ အမျိုးသမီးတစ်ယောက်ပါ။ Tuff Green က Bass ကိုတီးပါတယ်။ 
Tenor saxophone သမားက Ben Branch ဖြစ်ပါတယ်။ Phineas Newborn က စန္ဒယားတီးပေးတာပါ။ The Newborn အဖွဲ့ဟာ အနောက် Memphis ကနာမည်ကြီး Inn တစ်ခုဖြစ်တဲ့ Plantation မှာနာမည်ကြီိးတီးဝိုင်းတစ်ခုပါ။ King ဟာ သူ့ရဲ့အဖွဲ့ကိုစုစည်းရာမှာ Millard Lee ရဲ့ခေါင်းဆောင်စေပြီး သူရဲ့အဖွဲမှာ Calvin Owen, Kenneth Sands
(Trumpt), Lawrence Burdin (Alto Saxophone), George Coleman (Tenor Saxophone), Floyd Newman (Baritone Saxophone), Millard Lee (Piano), George Joyner ( Bass), Earl Forest
နှင့်Ted Curry (Drum) တို့ဖြစ်ကြပါတယ်။
Onzie Horne ကတော့ စီစဉ်မှုအပိုင်းဘက်မှာတာဝန်ယူပါတယ်။ သူဟာ Chord တွေကိုမပိုင်နိုင်ဘူးလို့ဆိုပါတယ် ကြုံသလိုတော့ ပိုင်နိုင်အောင်တီးနိုင်သူဖြစ်ပါတယ်။ သူဟာ Washington, D.C., Chicago, Los Angeles, Detroit and St. Louis, နှင့် Club
အသေး မွှားလေးများက အစဖျော်ဖြေပေးသူဖြစ်ပါတယ်။ 1949 မှာ Twist Arkansas က ကဇတ်ရုံတွေမှာ တီးဖြစ်ခဲ့ပါသးတယ်။ 1956 ခုနှစ်ကတော့ သူ့စံချိန်ကို သူပဲ ချိုးပြီး အဲဒီတစ်နှစ်ထဲတင် နယ်လှည့်ပွဲပေါင်း 342 ပွဲတိတိကို ဖျော်ဖြေပေးခဲ့ပါတယ်။
1950 ခုနှစ်မှာတော့ သူဟာ R&B = Blue Rock ဂီတရဲ့ အရေးပါသူဖြစ်လာပါတယ်။ "3 O' Clock Blues" ဟာသချင်းကောင်းများ အများဆုံးပါဝင်ပါတယ်၊ You Know I Love You," "Woke Up This Morning," "Please Love Me," "When My Heart Beats like a Hammer," "Whole Lotta Love," "You Upset Me Baby," "Every Day I Have the Blues", "Sneakin' Around," "Ten Long Years," "Bad Luck," "Sweet Little Angel", "On My Word of Honor," နှင့် "Please Accept My Love." 

B.B. King - Three O Clock Blues

 
 တို့ဖြစ်ကြပါတယ်။ 1964 ခုနှစ်မှာ King ဟာ ABC-Paramount တေးသံသွင်းနှင့်စာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းကြတော့ MCA တေးသံသွင်းကိုစိတ်ဝင်စားလာပါတယ်။ 1964 ခုနှစ်ထဲ့မှာဘဲ Live At The Regal Album ကိုဖြန့်ဝေပြီး အဲဒီအထဲက The Thrill Is Gone သချင်းနဲ့ Grammy Award ဆုကိုရရှိသွားပြီး သူရဲ့အဆိုဟာ Pop နှင့် Blue Rock  နှစ်ခုစလုံးမှာ ဟစ်ဖြစ်သွားခဲ့ပါတယ်။

B.B. King - The Thrill Is Gone Live From Crossroads Festival 2010


ထို့အတူ Rolling Stone ရဲ့ ထာဝရအကောင်းဆုံး သချင်း 500 မှာလဲဘဲ အမှတ်စဉ် 183 ချိပ်ပါသေးတယ်။ သူ့ခေက်ရဲ့အောင်မြင်မှုရေစီးကြောင်းမှာအောင်မြင်ခဲ့တာ 1970 ခုနှစ်တစ်လျှောက်သချင်းများရဲ့  "To Know You is to Love You" သချင်းနှင့် "I Like to Live the Love" သချင်းများလဲဖြစ်ကြပါတယ်။ 1980 ခုနှစ်မှာ Blue Hall OF Fame စရင်းဝင်ဖြစ်လာပါပြီး 1987 ခုနှစ်မှာတော့ Rock and Roll Hall of Fame မှာလဲပါဝင်ပါသေးတယ်။  2004 မှာ အပြည်ပြည်ဆိုင်ရာ Polar Music Prize ပေးတဲ့အနုပညာဆုကို ရရှိပါတယ်။ ကျနော်သိသလောက် စုစုပေါင်း 17 ဆုရှိပါတယ်။ 1980 ခုနှစ်မှစ၍ သူရဲ့အောင်မြင်မှုဟာ အရန်းကိုအောင်မြင်လာပြီး တစ်နှစ်ကို TV Show ပေါင်း 300 လောက်ထိဖြစ်လာပါတယ်။ 1988 မှာတော့ When Love Comes Town သချင်းကို Irish အဖွဲ့ဖြစ်တဲ့ U2 နှင့်ပူးတွဲထုပ်လုပ်ခဲ့တဲ့အတွက် သူကိုနှစ်သက်
စွဲလမ်းတဲ့ ပရိပ်သတ်အသစ်ကို ရရှိခဲ့ပြန်ပါတယ်။ 

When Love Comes Town 
သူတို့ရဲ့ Album ကတော့ Rattle And Hum ဖြစ်ပါတယ်။ 1988 ခုနှစ် Republican National Convention ပွဲ့မှာလဲသူအဲဒီသချင်းဖြစ်ဖျော်ဖြေခဲ့ပါတယ်။ နာမည်ဆိုးဖြစ်ကြော်ကျားသော Republican အတွက်
အလုပ်လုပ်ပေးနေသော Lee Atwater ကိုစား ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ သူဟာ Bush မိသားစုဝင်များနှင့်ရင်းနှိးကျွှမ်းဝင်သူဖြစ်လာခဲ့ပြီး 1990 မှာ George H.W Bush ကသူ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။ 2008 ခုနှစ်မှာလဲ ထိုနည်းတူ  George W. Bush ရဲ့

PresMedalFreedom.jpgMedal Of Freedom ဆုကိုရရှိခဲ့ပါတယ်။  2000 ပြည့်နှစ်မှာတော့ Eric Clapton နှင့်တွဲပြီး Riding With The King ကိုထုပ်လုပ်ခဲ့ပါတယ် ဒီသချင်းကို Eric Clapton အကြောင်းစာရွက်မှာ နားဆင်နိုင်ပါတယ်။ 1998 ခုနှစ်က The Blues Brothers 2000, ဇတ်ကားမှာပါဝင်ပြီး
 Louisiana Gator Boys ဝိုင်းရဲ့ အဆိုနှင့်အတီးမှာ တာဝန်ယူခဲ့ပါတယ်  ဒီဝိုင်းဟာ The Blues Brothers 2000, ဇာတ်ကားအဖွက်ဖွဲလိုက်တဲ့အဖွဲ့ဖြစ်ပါတယ် ဒီအဖွဲမှာ Clapton, Dr. John, Koko Taylor နှင့် Bo Diddley. တို့ပါဝင်ပါတယ်။

Blues brothers 2000 - ghost riders in the sky
 
2006 ခုနှစ် March29 ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Sheffield မြို့က Hallam Arena မှာ ဖျော်ဖြေပွဲပြုလုပ်ဖြစ်ခဲ့ပါတယ် ဒါဟာသူရဲ့ ပထမဦးဆုံး အင်္ဂလန် နှင့် ဥရောမဖျော်ဖြေပွဲဖြစ်ပါတယ် ဒီပွဲကိုစီစဉ်သူကတော့ Irish ဂစ်တာသမား Gray Moore ဘဲဖြစ်ပါတယ်။
သူသီဆိုခဲ့တဲ့သချင်းက တော့ Since I Met You Baby ဖြစ်ပါတယ်။

Gary Moore & Bb King - Since I Met You Baby
 

ဧပရယ် လထဲမှာသူရဲ့ အင်္ဂလန်ပွဲစဉ်များ ပြီးဆုံးသွားပြီး 2009 ခုနှစ် June28 မှာသူဟာ Wembley arena ကိုနောက်တစ်ခေါက်ပြန်လာခဲ့ပါတယ် ဒီအခေါက်မှာတော့ သူဟာ အင်္ဂလန်နိုင်ငံရဲ့ Blue Icon ဖြစ်သူ John Mayall နှင့်လှည့်လည်ဖျော်ဖြေခဲ့တာဖြစ်
ပါတယ်။ သူဟာ Switzerland နိုင်ငံရဲ့ အကြိမ်လေးဆယ်မြောက် Montreux Jazz Fastival ပွဲတော်မှာ July 2, 3 ၇က်များနှင့် Zurich မှာ July 14 ရက်များမှာ ဖျော်ဖြေခဲ့ပါတယ်။ Montreux မှာရှိစဉ် Stravinki Hall မှာ Joe Sample, Randy Crawford,
 David Sanborn, Gladys Knight, Lella James, Andre Beeka, Earl Thomas, Stanley Clarke, John McLaughlin, Barbara Hendricks
နှင့် George Duke တို့ပါဝင် ပြည့်သိပ်ကျပ်ညပ်နေခဲ့ပါတယ်။ ဥရောပပွဲစဉ် ကို 2006 ကို September19 ရက်မှာ
အဆုံးသတ်ခဲ့ပြီး November လနှင့် December လများမှာတော့ King ဟာ Brazil မှာ ခြောက်ပွဲ ဖျော်ဖြေပေးခဲ့ပါတယ်။ November 29 မှာတော့ သူဟာ Sao Paulo မှာဖျော်ဖြေခဲ့ပါတယ်။ သူကို အနုပညာရှင်တွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲလို့မေးတဲ့
အခါ သူဟာ Sean Connery ကိုအကြိုက်ဆုံးပါလို့ဖြေထားတာကိုတွေရပါတယ်။ သူဟာ Mississippi မြစ်ဝကျွှန်းပေါ်ဒေသက  Indianola မြို့လေးမှာ သူ့ရဲ့ B.B. King Museum and Delta Interpretive Center
ကို 2008 ခုနှစ် September13 ရက်နေ့မှာ
ဖွင့်လှစ်ခဲ့ပါတယ်။ သည့်မတိုင်မှီ 2006 October လထဲမှာ BB King Live Album ကိုဖြန့်ချီခဲ့ပါတယ်။

B.B king-all over again-live 2006 

ဒါဟာသူ့ရဲ့ Live Show ကကို 14 နှစ်အတွင့်းမှာပထမဆုံးအကြိမ် ထုပ်လုပ်ဖြန့်ချီတာဖြစ်ပါတယ်။ 2007, July 28, မှာ King ဟာ Eric Clapton ရဲ့ ဒုတိယ Crossroads Guitar Festival ပွဲကိုအခြားသော ဂစ်တာသမား 20 နှင့်အတူ ရန်ပုံငွေပွဲ့အတွက်တီးခတ်ပေးခဲ့ပါတယ်။  Chicago ပွဲစဉ်မှာသူဟာ "Paying the Cost to Be the Boss", "Rock Me Baby" နှင့် "Thrill is Gone" ကိုသီဆိုတီးခတ်ဖျော်ဖြေခဲ့ပါတယ်။ ထိုပွဲဟာမှာ Robert Cray, Jimmie Vaughan နှင့် Hubert Sumlin ပါဝင်ပြီး DVD အဖြစ်ထုပ်လုပ်ရောင်းချမှာလဲဖြစ်ပါတယ်။ 2007 မှာ King ဟာ "One Shoe Blues" ကိုဖန်တည်းရာမှာ Sandra Boynton ရေးသားတဲ့ Blue Moo ဆိုတဲ့ကလေးငယ်များအတွက် Album ကို video အဖြစ်ထုပ်ဝေခဲ့ပါတယ်။
Sandra Boynton's ONE SHOE BLUES starring B.B. King
 

2008 ခုနှစ် June မှာ King ဟာ Bonnaroo Music နှင့် Arts Festival ကို Manchester, Tennessee မှာတီးပါသေးတယ်။ ဒီအပြင် 25 ကြိမ်မြောက် Chicago Blues Festival ပွဲတော် နှင့် Monterey Blues Festival မှာ Taj Mahal လဲပါဝင်ခဲ့ပြီး 2008 ခုနှစ် June 8 နေ့ဖြစ်ပါတယ်။ နောက်ထပ် 2008 June လထဲမှာ
Liza Minnelli နှင့် Sir James Galway တို့နှစ်အတူတွဲဖက်ပြီး
Hollywood Bowl Hall of Fame ကိုဝင်ရောက်ခဲ့ပါသည်။ 2008 နှစ် July လမှာ Sirius XM အသံလွှင့်ဌာနရဲ့ Bluesville ကို B.B. King's Bluesville လို့အမည်ပြောင်းလိုက်ပါတယ်။
2008, December 1, ရက်နေ့က Hagerstown မှာရှိတဲ့ Maryland Theater မှာဖျော်ဖြေပွဲကျင်းပပြုလုပ်ပါတယ်။
On December 3, မှာ King ဟာ 51st Grammy Nomination Concert, ပိတ်ပွဲမှာ "Let the Good Times Roll" သချင်းကို Louis Jordan နှင့်တီးခတ်ဖျော်ဖြေခဲ့ပါတယ်။

John Mayer & B B King Let The Good Times Roll Grammy Nominati

December 30, 2008, တွင် King ဟာ The Kennedy Center Honors Awards Show; မှာ Morgan Freeman ကိုဂုဏ်ပြုတီးခတ်ခဲ့ပါတယ်။ Summer 2009, တွင် European ဖျော်ဖြေရေးပွဲများကို King သည် France, Germany, Belgium, Finland နှင့် Denmark တို့တွင့်လှည့်လည်တီးခတ်ပေးခဲ့ပါတယ်.
March 2010, ခုနှစ်တွင့် King သည် Cyndi Lauper ရဲ့ album ကိုစီစည်ပေးပြီး Memphis Blues ကို June 22, 2010 တွင်ဖြန့်ချီခဲ့ပါတယ်။
May 27, 2010 တွင့် Rabat , Morocco မှာ Mawazine ပွဲတော်အတွက် ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။

 http://www.bbking.com/bio/

No comments:

Post a Comment