96} Angus Young
Angus McKinnon Young ကို 1955 ခုနှစ် March လ 31 England နိုင်ငံ Scotland မှာမွေးဖွားတဲ့ Australian Lead ဂစ်တာသမား တေးရေးဆရာ ဖြစ်ပြီး AC/DC ဝိုင်းကိုတည်ထောင်သူလဲဖြစ်ပါ တယ်၊ သူ့ရဲ့ကျော်ကြားမှုတွေထဲမှာ စဉ်ပေါ်မှာ ကျောင်းသားဝတ်စုံကြီးနဲ့ ဘဲ လျှောက် လျှောက်တာလဲ အပါဝင်ဖြစ် ပြီး 2003 ခုနှစ် Rock and Roll Hall ရဲ့ နာမည်ကြီးစရင်းဝင်တွေလဲ ဖြစ်ပါတယ်၊ Angus Young ဟာ William နှင့် Margaret
Young တို့ရဲ့ ရှစ်ယောက်မြောက် အငယ်ဆုံးသားထွေးလေးဖြစ်ပါတယ်၊ သူကို Scotland ပြည်နယ် Glasgow မြို့မှာ မွေးဖွားပြီး Australia နိုင်ငံ Sydney မြို့ကို 1963 ခုနှစ် မှာပြောင်းရွှေနေနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ အကိုနှစ်ယောက်ဖြစ်တဲ့ Malcolm နှစ် George တို့ဟာလည်း ဂီတသမားများဖြစ်ကြပြီး UK မှာနေထိုင်ကြပါတယ်။ သူစတင်တီးခတ်ခဲ့တဲ့ တူရီယာကတော့ Banjos ဖြစ်ပါတယ်၊ ဒါပေမဲ့ နောင်ပိုင်းမှ ဂစ်တာ ဘာက်ကိုပြောင်းလာတာဖြစ် ပါတယ်။ သူကထမဆုံး တီးခဲ့တဲ့ ဂစ်တာက Acoustic ဂစ်တာဖြစ်ပြီး သူ့ အမေဝယ်ပေးခဲ့တဲ့ ဂစ်တာ အဟောင်းလေးဖြစ်ပါတယ်။ သူ ပထမဆုံး ဝယ်တီးခဲ့တဲ့ ဂစ်တာကတော့ 1970 ခုနှစ်ခန့် မှာ သူ့အိမ်နားက ဂစ်တာ အဟောင်းဆိုင်တစ်ခုက ဝယ်ခဲ့တဲ့ Gibson SG အမျိုးအစားဖြစ်ပါတယ်။ သူ ဆယ်ကျော်သက်အရွယ်မှာ 'Kantuckee' လို့ခေါ်တဲ့ တီးဝိုင်းမှာဝင် ရောက်တီးခတ်နေပါပြီ၊ 1973 ခုနှစ်မှာ သူ 18 နှစ်လောက်ရောက်တော့ အကို Malcolm က AC/DC အဖွဲကိုတည်ထောင်ပါတယ်၊ သူက Lead ဂစ်တာတီးပြီး သူ့အကို Malcolm ကတော့ Rhythm ဂစ်တာကိုတီးပါတယ်၊ Colin Burgess က Drums ကိုတီးပါတယ်
Larry Van Kriedt က Bass Guitar သမားဖြစ်ပြီး Dave Evans အဆိုမသားဖြစ်ပါတယ်။ Can I Sit Next
To You Girl ဟာသူတို့ရဲ့ ပထမဦး ဆုံးလက်ရာလေးဖြစ်ပါတယ်။ High Voltage ဟာ 1975 ခုနှစ် February လ 17 နေ့မှာ ထုပ်ဝေခဲ့တာ ဖြစ်ပါတယ် Angus Young, Malcolm Young, နှင့် Bon Scott တို့ရေးသားခဲ့တဲ့ သချင်းများဖြစ်ပါတယ် ။
AC/DC - Can I Sit Next To You Girl live in 1976
AC/DC Baby Please Don't Go
Baby, Please Don't Go သချင်းကို Big Joe Williams ကရေးတာဖြစ်ပါတယ်
High Voltage ကို International Version အဖြစ် American နိုင်ငံရှိ Atlantic တေးထုပ်လုပ်ရေးမှ 1976 ခုနှစ်ကြမှ ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။
AC/DC - Soul Stripper
AC/DC T.N.T (HQ LIVE EDITION)
1975 ခုနှစ်မှာ ဘဲ ဒုတိယ Album ဖြစ်တဲ့ T.M.T ကို December ထဲမှာထုပ်ဝေခဲ့ပါတယ်။ သူဟာ မီဒီယာတွေနဲ့တွေ့ဆုံလိုတဲ့ဆန္ဒမရှိသူဖြစ်ပြီး သီးသန့်နေရတာ ကိုနှစ်သက်သူဖြစ်ပြီး Sydney မြို့က Sutherland Shire က Kangaroo Point မှာနေထိုင်ပါတယ် Aalten မှာလဲသူ သူ့အိမ်ရှိပါသေးတယ်။ သူ့ဇနီးကတော့ Netherlands နိုင်ငံသူ Dutch အမျိုးသမီး Ellan ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း သူဟာ သေရည်သေရက်ကိုရှောင်ကြဉ်သူဖြစ်ပါတယ်
Dirty Deeds Done Dirt Cheap ,17 December 1976
1976 မှာ Dirty Deeds Dirt Cheap ထုပ်ဝေပါတယ်။ ဒီ Album ကိုဘဲ 1981 မှာ ဒုတိယ အကြိမ်ထုပ်ဝေပြန်ပါတယ်။
Let There Be Rock
(1977, Unedited video version)
1977 ခုနှစ် September 20 ရက်နေ့မှာ Let There Be Rock ထုပ်ဝေပါတယ်။
Powerage (Full Album) 1978
1978 ခုနှစ် May 25 ရက်နေ့မှာ Powerage ကို Atlantic တေးထုပ်လုပ်ရေးက ထုပ်ဝေပါတယ်။
Highway To Hell
1979 ခုနှစ် July 27 ရက်နေ့မှာ Highway To Hell ကို Atlantic တေးထုပ်လုပ်ရေးက ထုပ်ဝေပါတယ်။
Back In Black
1980 ခုနှစ် July 28 ရက်နေ့မှာ Back In Black ကို Atlantic တေးထုပ်လုပ်ရေးက ထုပ်ဝေပါတယ်။
For Those About To Rock (We Salute You)
1981 ခုနှစ် November 23 ရက်နေ့မှာ For Those About To Rock We Salute You ကို Atlantic တေးထုပ်လုပ်ရေးက ထုပ်ဝေပါတယ်။ သူ့ရဲ့ Album အားလုံးကို ဒီစာမျက်နှာတစ်ခုထဲ ပြည့်စုံအောင် ဖေါ်ပြခြင်းမှာ မဖြစ်နိုင်လို သချင်း Album အမည်များကို ကူးယူပြိး YouTube မှာကြည့်ပါ။
17 February 1975 : High Voltage (Australia) ကို Albert Productions မှထုပ်လုပ်ဖြန့်ချီသည်။
December 1975 : T.N.T. (Australia) ကို Albert Productions မှထုပ်လုပ်ဖြန့်ချီသည်။
14 May 1976 : High Voltage (International Version) ကို Atlantic မှထုပ်လုပ်ဖြန့်ချီသည်။
20 September 1976 : Dirty Deeds Done Dirt Cheap (Australia) ကို Albert Productions မှထုပ်လုပ်ဖြန့်ချီသည်။
Dirty Deeds Done Dirt Cheap (International Version) ( 1981 မှာ US Atlantic ပြန်လည်ဖြန့်ချီသည်။)
21 March 1977 : Let There Be Rock (Australia) ကို Albert Productions မှထုပ်လုပ်ဖြန့်ချီသည်။
23 June 1977 : Let There Be Rock (International Version) US Atlantic ပြန်လည်ဖြန့်ချီသည်။
25 May 1978 : Powerage ကို Atlantic မှထုပ်လုပ်ဖြန့်ချီသည်။
27 July 1979 : Highway to Hell ကို Atlantic ကထုပ်လုပ်ဖြန့်ချီသည်။
25 July 1980 : Back in Black ကို Atlantic မှထုပ်လုပ်ဖြန့်ချီသည်။
23 November 1981 : For Those About to Rock We Salute You ကို Atlantic ကထုပ်လုပ်ဖြန့်ချီသည်။
15 August 1983 : Flick of the Switch ကို Atlantic မှထုပ်လုပ်ဖြန့်ချီသည်။
28 June 1985 : Fly on the Wall ကို Atlantic ကထုပ်လုပ်ဖြန့်ချီသည်။
1 February 1988 : Blow Up Your Video ကို Epic မှထုပ်လုပ်ဖြန့်ချီသည်။
24 September 1990 : The Razors Edge ကို Atlantic မှထုပ်လုပ်ဖြန့်ချီသည်။
22 September 1995 : Ballbreaker ကို East West မှထုပ်လုပ်ဖြန့်ချီသည်။
25 February 2000 : Stiff Upper Lip ကို East West မှထုပ်လုပ်ဖြန့်ချီသည်။
20 October 2008 : Black Ice ကို Columbia မှထုပ်လုပ်ဖြန့်ချီသည်။
Guitars on the Black Ice Tour
သူဂစ်တာမှာ Young ရဲ့နာမည်အစား "devil schoolboy" ဆိုတဲ့ အမည်ကိုသူ့ရဲ့ ဂစ်တာ ကီးထားတဲ့အပိုင်းက Gibson logo နေရာမှာထွင်းထားပါတယ်၊ သူမှာ့ ဂစ်တာရဲ့ fretboard (ဖလက်တန်) ကို rosewood လုပ်ထားတဲ့ ဂစ်တာတစ်လက်လဲ ရှိတယ်၊ သူ့ဂစ်တာမှာ ဘား (fret) 22 ခုထဲသုံးပါတယ်၊ ရှေးကျတဲ့ ချယ်ရိသားနဲ့ အချောကိုင်ထားတာပါ။ သူဟာ သူ့ရဲ့ ဂစ်တာပေါ်မှာ သူ့ရဲ့ ဆိုင်းထိုးထား တာမျိုးကိုတော့ မလုပ်ပါဘူး။ သူသုံးတဲ့ Amplifiers ဟာ Marshall 1959 100 watt Super Lead Plexi ဖြစ်ပါတယ် ဒါနဲ့အတူ 1960 AX and BXx12 နှင့် Celestion G12M "Greenbacks" တို့ဖြစ်ပါတယ်။ သူ့ Studio မှာတော့ JMP 50 နှင့် JTM 45 ကိုသုံးပါတယ်။ Back In Black သချင်းထဲမှာ JMP 50 ကိုသုံးထားတာ ဖြစ်ပါတယ်။ Ballbreaker မှာတော့ JTM 45 ကိုသုံးထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment