104} Joe Satriani

Joe Satriani ကို 1956 ခုနှစ် Nwe York မြို့ Westbury မှာမွေးဖွားတာဖြစ်ပါတယ်။ သူဂစ်တာနှင့် အသက်မွေး နေတဲ့ ကာလများ အတွင်းမှာ သူဟာ သီဆိုဖြော်ဖြေရတာထက်စာရင် ဆရာဖြစ်ရန် အထုံပါသူတစ်ယောက်လဲဖြစ်ပါတယ်။ သူဟာ ဆရာ အဖြစ်ရော နည်းပြပေးသူ အဖြစ်နဲ့ပါ သင်ကြားပေးခဲ့သူ နာမည်ကျော်များ ဦးရေဟာ ၈၀ မှ ၉၀ ကြားရှိပါတယ် အဲဒီအထဲ မှာ Steve Vai, Metallica က Kirk Hammett,  Primus က Larry LaLonde , နှင့် Counting Crows က David Bryson တို့ ဖြစ်ကြပါတယ် သူသင်ပေးခဲ့တဲ့ ဂီတ ပညာရှင်အားလုံးကို အလှုံပ်ဆော်နိုင်ဆုံး ကတော့ သူ့ရဲ့ Satch Boogie ဖြစ်ပါတယ်

Guitar ဆိုင်တစ်ဆိုင်မှာ Joe Satriani ရဲ့ "Satch Boogie" တီးသွားလေးပါ

သူငယ်စဉ်က Jimi Hendrix ကိုအရန်းကို ကြည်ညိုလေးစား အားပေးခဲ့သူဖြစ်ပါတယ်။ Jimi Hendrix သေဆုံးပြီးသွားတဲ့နောင်ပိုင်း သူဟာ ဘောလုံးအသင်းကထွက်လိုက်ပြီး သူကိုယ်သူ ဂစ်တာသမား ဖြစ်အောင်ကြိုးစားဖိုရန် ဘဝကိုမြှုတ်နှံထားလိုက်တော့တယ်။ သူလေးစားတဲ့ ဂီတပညာရင် တွေကအများကြီးပါ Led Zeppelin နှင့် Black Sabbath တို့လဲပါဝင်ပါတယ်။ 1970 ခုနှစ်များအတွင်း က သူဟာ အခြားအောင်မြင်ကျော်ကြားသော Jazz ဂီတတစ်ချို့ကိုလေ့လာ လိုက်စားခဲ့ပါသေးတယ်။ အဲဒီအထဲမှာ စန္ဒယား ပညာရှင်များဖြစ်ကြတဲ့ Lennie Tristano နှင့် Billy Bauer တို့လဲ အပါအဝင်ဖြစ်ပါတယ်။ အထူးသဖြစ်သူဟာ နည်းပညာပိုင်းကို ခရေစေ့တွင့်းကျ လိုပ်ပြီးလေ့လာ ခဲ့သူဖြစ်ပါတယ်။  1974 ခုနှစ်များမှာတော့ သူ့ဆီမှာ တပည့်ခံသူတော်တော် လေးများလာပါပြီ Steve Vai အပါအဝင်ဖြစ်ပါတယ်။ 1978 ခုနှစ် မှာ Joe ဟာ Berkeley California ကိုပြောင်းလာပြီးတော့ သူ့ရဲ့ ဂစ်တာ သမားဘဝကို စတင်ဘို့မျှော်လင့်ချက်တွေနဲ့ ဖြစ်ပေမဲ့ မကြာခင်မှာဘဲ သူဟာ ဂစ်တာတီး သင်တဲ့ အလုပ်ကိုဘဲ ပြန်လည်လုပ်ဆောင်ခဲ့ရပါတယ်။ အထက်မှာ ဖေါ်ပြထားတဲ့ ဂီတ ပညာရှင်များကို ဆက်လက် သင်ကြားပေးရ သလို Third Eye Blind ၏ အတီးသမားဖြစ်တဲ့ Kevin Cardogan, Geoff Tyson, နှင့်  jazz ဂီတသမားဖြစ်တဲ့ Charlie Hunter နှင့် Testament က Alex Skolnick တို့ကိုလဲ ဘဲသင်ကြားပေးတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒီအပြင်သူကိုယ်တိုင်ကလဲ ဂစ်တာသမား ကောင်းတစ်ယောက်အဖြစ် 1980 ခုနှစ်များ မှာ The Square မှာတီးခတ်ပါတယ်။  Greg Kihn အတွက်လဲ  Love and Rock ‘n’ Roll.  Album မှာ Lead ဂစ်တာတီးပေးသူဖြစ်ပါတယ်။  Stevie Vai အောင်မြင်လာတဲ့ 1986 ခုနှစ်မှာ တော့ Interview နှင့် Magazine တွေမှာ သူအောင်မြင်ရခြင်း အကြောင်းတွေ ဟာ Joe Satriani   ကြောင့်ဖြစ်တယ် ဆိုတောကိုဖြေကြားသွားတာ အများအပြားတွေ့ရပါတယ်။ ဒီတော့မှ Rock ဂီတကို လေးစားကြသူများက သူကိုသတိပြုမိလာကြပါတယ်။ သူ့ရဲ့ ပထမဆုံ Album ကတော့ Not of This Earth ဖြစ်ပါတယ်။ အောက်မှာထဲ့ထားပေးပါတယ် နားဆင်ကြည့်ကြပါ။

Joe Satriani ရဲ့ ပထမဆုံ Album ဖြစ်တဲ့ Not Of This Earth


Joe ရဲ့ 1987 ခုနှစ် album ဖြစ်တဲ့ Surfing With the Alien  ဟာ အရန်းကိုအောင်မြင်ခဲ့ပါတယ်။

Surfing With the Alien  ကိုသူရဲ့ One Man Show လေးကိုဖေါ်ပြပေးထားပါတယ်။

ဒီခွေမှာစုစုပေါင်း  နှစ်သန်းကျော်လောက်ရောင်းရတဲ့အပြင် အကြိမ်ကြိမ်ထပ်မန်ထုပ်ဝေရတဲ့ခွေလဲ  ဖြစ်ပါတယ်။ ဒီခွေဟာ နှစ်တော်တော်ကြာကြာ အရောင်းရဆုံး အဖြစ် ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။  “Satch Boogie” ဟာလည်း အကောင်းဆုံး ဂစ်တာ Solo 100 စရင်းမှာ အမှတ်စဉ် 55 ချိပ်ခဲ့ပါတယ်။ ဒါတွေ ဟာ သူ့အတွက် တေးရေးဆရာ နှင့် ထုပ်လုပ်သူလိုပ်နိုင်အောင်အခွင့်ရေးလမ်းကြောင်းပွင့်သွားခဲ့တာ လဲဖြစ်ပါတယ်။ အဲဒီတစ်နှစ်ထဲမှာဘဲ Lead ဂစ်တာသမား Mick Jagger  ဟာသူနဲ့အတူ Australia နှင့် New Zealand မှာသူ့ Promotion အတွက်တီးရန် ဖိတ်ခေါ်ခြင်းခံရပါတယ်။ ပြီးတော့ Flying In A Blue Dream ဟာ Joe ရဲ့ တတိယခွေဖြစ်ပါတယ်။ ဒီခွေကို 1989 သူကိုယ်ပိုင်ဖြန့်ဝေတာဖြစ်ပါတယ်။ ဒီခွေမှာသူကိုယ်ပိုင်သချင်းတော်တော်များများပါဝင်ပါတယ်။

Joe Satriani - Flying In A Blue Dream (Satriani LIVE!)


ဒီ Album ထဲက “One Big Rush” သချင်းတော့ Say Anything ရဲ့ဇတ်ဝင်သချင်းဖြစ်ခဲ့ရပါတယ်။

1990 မှာ Joe Satriani ကို ဂစ်တာထုပ်လုပ်သောကုပ္ပဏီဖြစ်တဲ့ Ibanez Company ကသူ့တို့ရဲ့ထုပ်ကုန်မှာ အမည်ခံပေးဘို့ကမ်းလှမ်းလာတာကို သဘောတူလက်ခံပြီး စာချုပ်ချပ်ဖြစ်ခဲ့ပါတယ်။
သူတို့ ကုပ္ပဏီမှထုပ်လုပ်သော ဂစ်တာများမှတစ်ခုချင်းဆီးတွင့် JS ဟုရေးထိုးထားပါတယ်။ Joe Satriani ကိုတိုင်လဲ JS1000 သို့မဟုတ် JS1200 အသုံးပြုပြီး ဖေါက်သည်တွေကိုကြော်ငြာပေးပါတယ်။ ပြီးတော့ Double Neck လို့ခေါ်တဲ့ ဖလက်တန်နှစ်ခုပါတဲ့ JS700 လဲသတော်တော် သဘောတွေ့ပြီးအသုံးပြုပါတယ်။
Chrome Boy ဆိုတဲ့ ဂစ်တာအမျိုးအစား ဟာလဲသူအလွန်နှစ်သက်တဲ့ဂစ်တာတစ်မျိုးပါ။ 1992 ခုနှစ်မှာ The Extremist ကိုဖြန့်ဝေခဲ့ပါတယ်။

The Extremist - Joe Satriani


”Summer Song” အတီးလေးဟာ DJ ရေဒီယိုကနေ ပေါ်ပြူလာဖြစ်သွားခဲ့ရပါတယ်။


Time Machine ကတော့ 1993 ခုနှစ်ထုပ်တဲ့ Album ဖြစ်ပြီးနှစ်ခွေတွဲဖြစ်ပါတယ်။ ဒီခွေလေးက သူ့ရဲ့ထုပ်ဝေဖြစ်လက်ရာလေးကို ထုက်လုပ်ဖြစ်တဲ့အခွင့်ရေးလေးလဲဖြစ်ပါတယ်။

Joe Satriani - "Time machine" (Live in Paris)


1993 ခုနှစ်မှာ တော့ Joe ဟာ Deep Purple နှင့်လက်တွဲဖြစ်ခဲ့ပါတယ် ဘာကြာင့်လဲ ဆိုတော့ Deep Purple ရဲ့ Lead ဂစ်တာသမား Ritchie Blackmore ဟာသူတို့ဝိုင်းမှနှုတ်ထွက်သွားတာကြောင့်ဘဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးတွဲပြိးတဲ့နောက် Japan မှာသီဆိုတဲ့ပွဲတွေမှာ အရန်းကိုအောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် Joe ဟာသူတို့အဖွဲမှာ ပင်တိုင်တီးဘို့ပြောလာတာကို Deep Purple ကလက်ခံကြိုဆိုခဲ့ပါတယ်။ သို့ပေမဲ့သူတိုနှစ်ဦးဟာ အိမ်ထဲမှာဘဲ Album တော်တော်များများကို အလုပ်အတူတွဲလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းသူဟာ Sony နှင့်စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။ Joe ဟာ G3 လို့ခေါ်တဲ့ နယ်လှည့်ဖျာ်ဖြေပွဲကို အရန်းစိတ်ဝင်စားခဲ့ပါတယ်။ သူတို့ရဲ့ G3 ပထမ ပွဲကို 1996 မှာ Joe Satriani, Steve Vai နှင့် Eric Jahnson တို့ဦးဆောင်ပြီး တောင် America မှာ မြို့ပေါင်း ၂၄ မြို့မှာ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲကို ကြည့်ရှုသူပေါင်း 90,000 ခန့်ရှိတယ်လို့အကြမ်းဖျင်းသီရပါတယ်။ တတိယပွဲစဉ်မှာတော့ John Petrucci,Paul Gilbert, Robert Fripp, နှင့် Adrian Legg တို့ပါဝင်လာပြီး Europe, Japan, Australia, နှင့် South America မှာ လှည့်လည်ဖျော်ဖြေခဲ့ကြ။ Satriani ဟာ 21 ရာစုသစ်မတိုင်ခင်မှာ နောက်ထပ် Solo Album နှစ်ခုကိုထုပ်လိုပ်ဖြန့်ဝေခဲ့ပါတယ်။ သူနာနည်ထွက်လာတဲ့ 1985 မှာဖြစ်ပြီး 1998 မှာတော့ Crystal Planet ကိုထုပ်ဝေခဲ့ပါသေးတယ်။

G3 - Joe Satriani - Crystal Planet (05.08.2012, Crocus City Hall, Mosco

အရှေ့အလယ်ပိုင်း ပွဲများမှာ သူဟာ Blue-Style များကိုထဲ့သွင်းတီးပြတဲ့အခါမှာ သူ့ရဲ့ Metal ကိုသဘောကြနှစ်သက်သူများက သူ့ကိုဒေါသဖြစ်ကြပါသေးတယ် တကယ်တော့သူဟာ စွယ်စုံရ ဂီတပညာရှင်ဖြစ်တာကိုပြသတာဘဲဖြစ်ပါတယ်။ သူဟာအခြားသော အဆိုတော်များရဲ့ Album များမှာလဲ တီးပေးခဲ့ပါသေးတယ် ဒီ Album ကတော့ Alice Cooper’ရဲ့ Hey Stoopid, ဖြစ်ပါတယ်။

Alice Cooper - Hey stoopid HQ



Strange Beautiful Music ကို 2002 မှာထုပ်ဝေခဲ့တာဖြစ်ပါတယ်။


Is There Love in Space ကို 2004 မှာထုပ်ဝေပါတယ်။

ဒီနောက်ပိုင်းမှာတော့ သူ့ကို Grammy Awards ဆု ၁၄ ခု့အတွက်သတ်မှတ်ခြင်းကိုခံရပါတယ် ဒီဆုကိုရဖူးသူခြားတစ်ယောက်မှ မရှိသေးပါဘူး။ သူဟာ Peavey ကထုပ်လုပ်တဲ့ JSX  amplifiers ကိုလဲကြော်ငြာပေးသူဖြစ်ပါတယ်။ သူဟာ 2001ုနှစ်ထဲစတင်အသုံးပြုလာတာဖြစ်ပြီး ဒိမတိုင်မှကတော့ Marshall amplifiers ကိုသာသုံးစွဲခဲ့တာဖြစ်ပါတယ်။ ဂစ်တာ Effect နဲ့ပါတ်သက်ပြီးသူ သုံးခဲ့တာတွေကတော့ Vox Wah, Dunlop Cry Baby, နှင့် Digitech ကထုပ်တဲ့ Whammy တို့အပြင် အခြားသောအမျိုးစားများကိုလဲ သုံးပါတယ်။ Planet Waves  ကုမဏီ နှင့်လဲ သူ့ရဲ့ လက်မှတ်ကို ဂစ်တာမှာထဲ့ပေးဘို့ စာချုပ် ချုပ်ခဲ့ပါတယ်။ သူဟာ Mini Colossal ခေါ်တဲ့ A အဆင့်ရှိ 5 Watt amplifiers များထုပ်လုပ်ရာမှာ supervise လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်ထဲက သူဟာ ပြိုင်စံရှားသူအဖြစ်ချီးကျူးထောပနာပြုတာကိုခံခဲ့ရသူပါ။ န်းစနစ်ပေါင်းများစွာကိုလဲ တည်ထွင်ခဲ့သူလဲဖြစ်ပါတယ်။ သူဟာ Pitch Axis Theory ကိုကျွမ်းကျင်သူအဖြစ်လဲ ထင်ရှားသူဖြစ်ပါတယ်။ Pitch Axis Theory ကိုစာဖတ်သူများသိလေိုတဲ့အတွက် YouTube ကနေ Video လေးကူးထဲ့ပေးထားပါတယ်။



သူဟာ Harmonics, Legato Picking, နှင့် Two Handed Tapping.နည်းပညာများရဲ့ ဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအကြောင်းများကို Kiwipedia မှာသွားရေက်လေ့လာကြပါ သင့်သိလိုသော စလုံးများပေါ်မှာ ပွိုင့်တာ တင်ပြီး နှိပ်ပါ Kiwipedia စာမျက်နှာကိုရောက်အောင် Link ချိပ်ထားပေးပါတယ် သူဟာ ဘယ်လောက်ဘဲ ကမ္ဘာကျော်နေပါစေ ယနေ့တိုင်ဂစ်တာတီးသင်ပေးနေဆဲ့ဖြစ်ပါတယ်။ 2006 ခုနှစ်မှာတော့ ဘာအကြိုးမြတ်ကိုမှမကောက်ခံတဲ့ Little Kids Rock အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲကို တူရီယာများအပါဝင် ဂီတသင်ခန်းစာများကို ထောက်ပန့်ပေးခဲ့ပါတယ် ဒီအတွက် အထမဲ့သင်တန်းကျောင်းများကို တည်ထောင်ပေးထားပါတယ်
Satriani.com   ကိုသွားရောက်ကြည့်နိုင်အောင် Link ချိပ်ထားပေးပါတယ်။ သူရဲ့ ထွက်ရှိသမျှစီးရီးများကို အောက်မှာဖေါ်ပြပေးထားပါတယ်။ YouTube မှာသွားရောက် ရှာဖွေကြပါ။

1989     "Always With Me, Always With You"   
         Surfing with the Alien   
                1990     "The Crush of Love"                          1991     Flying in a Blue Dream                       1993     The Extremist                               1994     "Speed of Light   
1995     "All Alone"   
1997     "(You're) My World"   
1998     "Summer Song" (Live)   
1999     "A Train of Angels"   
2001     "Until We Say Goodbye"   
2002     "Always With Me, Always With You" (Live)   
2003     "Starry Night"   
2006     Super Colossal   
2008     "Always With Me,Always With You" Satriani   Live!

No comments:

Post a Comment